မြန်မာနိုင်ငံမှာ အမျိုးသားတွေကို မေလ ၁ ရက်နေ့က စပြီး နိုင်ငံခြားထွက် အလုပ်လုပ်ခွင့်ကို စစ်ကောင်စီက ယာယီရပ်ထားလိုက်ပါတယ်။ ထွက်ခွာခွင့် ကိစ္စတွေ ပိုမိုအချိန်ယူ စိစစ်နိုင်ဖို့နဲ့ တခြားအခြေအနေအရ ယာယီဆိုင်းငံ့ထားတယ်လို့ အလုပ်သမားဝန်ကြီးဌာနက သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ပြန်ပို့ဖို့ စီစဉ်ခဲ့ပေမယ့်အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မြန်မာနိုင်ငံဘက်အခြမ်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြင်းထန်နေခဲ့တာကြောင့် အကြိမ်ကြိမ် ပျက်ခဲ့ပြီးတဲ့နောက်မှာ ဒီကနေ့ ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။
စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA အကြား ၅လနီးပါး တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာ ကုန်စည် စီးဆင်းမှုတွေလည်း ရပ်တန့်နေတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာ ရှားပါးမှုနဲ့ ဒေသခံတွေ အတော် အခက်ကြုံနေကြရပါတယ်။
အာရှဒေသတဝန်း အပူချိန် ပြင်းထန်တဲ့ ရာသီဥတုဒဏ်ခံစားနေရချိန်မှာ ကမ္ဘောဒီးယားနိုင်ငံကတော့ ဒီနေ့ မေလ ၂ ရက်နေ့က စပြီး ကျောင်းချိန်တွေကို ၂ နာရီ လျှော့ချလိုက်ပါတယ်။
မြန်မာနိုင်ငံအပါအဝင် ၁၇ နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့် ဆိုးဆိုးဝါးဝါး ချိုးဖောက်တဲ့အတွက် အထူးစိုးရိမ်ရတဲ့နိုင်ငံတွေ ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာကော်မရှင် (USCIRF ) က မေ ၁ ရက်က ထုတ်ပြန်တဲ့ ၂၀၂၄ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြလိုက်ပါတယ်။
ချင်းအမျိုးသားတပ်ဦး CNF/CNA ဦးဆောင်တဲ့ Chinland Council နဲ့ ချင်းအမျိုုးသားအဖွဲ့ချုပ် CNO ပါဝင်တဲ့ ချင်းညီနောင်အဖွဲ့ကြားမှာ အုပ်ချုပ်ရေး၊ နိုင်ငံရေးဆိုင်ရာ သဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ ဒီကွဲလွဲမှုတွေက ပြည်နယ်အတွင်း စစ်ပွဲတွေဆီ ဦးတည်သွားနိုင်တယ်လို့ ချင်းနိုင်ငံရေး သုံးသပ်သူတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ထဲမှာ အချိန်အခါမဟုတ် မိုးသက်လေပြင်းကျပြီး မိုးသီးကြွေခဲ့လို့ ရာနဲ့ချီတဲ့နေအိမ်တွေ ပျက်စီးခဲ့သလို၊ ဆားလင်းကြီးမြို့နယ်ထဲမှာလည်း လျှပ်စစ်မီး ပြတ်တောက်တာတွေရှိတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ပတ်သက်ပြီး သတင်းမှားတွေ၊ မဟုတ်မမှန်လုပ်ကြံသတင်းတွေနဲ့ အမုန်းစကားတွေ ပြန့်နှံ့နေကြောင်း မြန်မာနိုင်ငံထဲက ကုလသမဂ္ဂရုံးက မြေပြင်ကသတင်းအချက်အလက်တွေ တင်ပြထားကြောင်း ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ Stephane Dujarric က ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
၁၃၄ ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ မေဒေးနေ့အခမ်းအနားကို ထိုင်းမြန်မာနယ်စပ်မဲဆောက်မြို့မှာ ရွှေ့ပြောင်းအလုပ်သမားရေးလုပ်ဆောင်နေတဲ့ အလုပ်သမားအဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက ဦးဆောင်ကျင်းပခဲ့ကြပါတယ်။
"ကပစ စက်ရုံဆိုတာ ကျည်ဆံတွေ၊ သေနတ်တွေထုတ်တဲ့စက်ရုံလေ။ အဲ့ဒီ့အတွက်ချဥ်းကပ်တဲ့ပုံစံဖြစ်တာပေါ့။ ချင်းပြည်နယ်အတွက်မဟုတ်ဘဲ တပြည်လုံးအတွက် တော်လှန်ရေးသမားအားလုံးအတွက် ထိရောက်မှုရှိပါလိမ့်မယ်။ အခုက ကပစရဲ့ လုံခြုံရေးတပ်ဖြစ်သွားတာပေါ့။” (ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတဦး)
တော်လှန်ရေး အင်အားစုတွေ မကြာသေးခင်က ထိန်းချုပ်ခဲ့တဲ့ မြဝတီမြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင်တပ်ဖွဲ့ KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စံချိန်တင် အပူဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေက တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ရေရှားပါးတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။ စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီဒေသမှာ ဆိုရင်လည်း သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်