ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေ တင်းမာနေတဲ့အတွက် လုံခြုံရေး အခြေအနေအရ စစ်တွေမြို့မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေကို ရန်ကုန်မြို့ကို ယာယီ ရွှေ့ပြောင်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။
ထိုင်း−မြန်မာနယ်စပ် မြဝတီမြို့မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အားလုံး မြို့ကနေ ဆုတ်ခွာခဲ့ရပြီးတဲ့နောက် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနဲ့ ပြည်သူတွေ ဘေးကင်းလုံခြုံရေး အတွက် ကရင်အမျိုးသား အစည်းအရုံး KNU က ဆက်လက် ကြိုးပမ်း ဆောင်ရွက်နေတဲ့အကြောင်း KNUက ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
ထိုင်းရိုးရာနှစ်ကူး Songkran ပွဲတော်ကို ကမ္ဘာ့ယဉ်ကျေးမှု ရိုးရာအမွေအနှစ် တခုအဖြစ် UNESCO က သိပ်မကြာခင်ကပဲ အသိအမှတ်ပြု ကြေညာခဲ့သလို၊ ဒီနှစ် Songkran ပွဲတော်ကို အရင်နှစ်တွေနဲ့မတူ ပိုပြီး တခမ်းတနား စည်ကားအောင်ကျင်းပဖို့ ထိုင်းတာဝန်ရှိသူတွေ စီစဉ်ထားတာပါ။
မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် ပဋိပက္ခတွေကို မြန်မာ့ပြည်တွင်းရေး သက်သက်အဖြစ် မရှုမြင်ဘဲ ချဉ်းကပ်ဖို့ ထိုင်းနယ်စပ်ကို သွားရောက်တဲ့ Fair ခေါ် Pen Tham ပါတီက ထိုင်းလွှတ်တော်အမတ် Kannavee Suebsang က ထိုင်းအစိုးရကို တိုက်တွန်းလိုက်ပါတယ်။
မြဝတီမြို့က စခန်းကိုစွန့်ခွာ ထွက်ပြေးလာတဲ့ ခလရ ၂၇၅ က တပ်ဖွဲ့ဝင်တွေ ရောက်ရှိနေတဲ့ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား (၂) အနီးမှာ ရှိနေကြတဲ့နေရာကို KNLA/PDF ပူးပေါင်းတပ်တွေက ဒီကနေ့၊ ဧပြီလ ၁၂ရက်နေ့ညနေမှာ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် ချစ်ကြည်ရေးတံတား (၂)နားမှာပဲ ပစ်ခတ်မှုတွေဖြစ်ပေါ်နေပါတယ်။
အမေရိကန်ပြည်သူတွေကိုယ်စား မြန်မာပြည်သူတွေအတွက် အကောင်းဆုံး ဆုတောင်းတွေနဲ့အတူ မြန်မာပြည်သူတွေနဲ့ တသားထဲရပ်တည်နေပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကထုတ်ပြန်ခဲ့သလို၊ မြန်မာနိုင်ငံဆိုင်ရာ သံရုံးယာယီတာဝန်ခံ Susan Stevenson က Video ဆုတောင်းပေးပို့ပါတယ်။
သင်္ကြန်ကာလမှာ စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနိင်တာကြောင့် ရခိုင်ဒေသခံတွေအနေနဲ့ လူစုလူဝေးမလုပ်ဖို့နဲ့ တရွာနဲ့တရွာ သွားလာ ပျော်ပါးတာတွေ၊ ဘုန်းကြီးကျောင်းတွေမှာ ဥပုသ်သီလ ဆောက်တည်တာတွေ မလုပ်ကြဖို့ အာရက္ခတပ်တော် AA က တိုက်တွန်းထားပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်ထဲမှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ မြန်မာစစ်ကောင်စီတို့ ဘယ်အချိန် တိုက်ပွဲတွေ ပြန်ပြင်းထန်လာမလဲဆိုတဲ့ စိုးရိမ်မှုတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးသူတွေ အများအပြားရှိနေပါတယ်။ အများစုက မန္တလေးမြို့ပေါ်ကို ပြောင်းရွှေ့နေကြတာပါ။
ထိုင်း-မြန်မာနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေချိန်မှာ ထိုင်းလေကြောင်းပိုင်နက်ထဲ မြန်မာစစ်လေယာဉ်တွေ ဝင်လာရင် တုံ့ပြန်ဖို့ ညွှန်ကြားထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောကြားလိုက်ပါတယ်။
ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မြ၀တီမြို့ကို ဆက်လက်ထိန်းထားနိုင်ဖို့ စစ်ကောင်စီဘက်ကလည်း တပ်မ ၅၅ လက်အောက်ခံ တပ်တွေဟာ လမ်းကြောင်း ၃ ကြောင်းကနေဖြန့်ပြီး ကျုံဒိုး-ကော့ကရိတ် လမ်းအတိုင်း မြ၀တီကို လာခဲ့ရာမှာ လမ်းတလျှောက် ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်တဲ့အတွက် တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မြန်မာနိုင်ငံလူသားချင်းစာနာမှုအကူအညီပေးရေးနဲ့ ဒေသအုပ်ချုပ်ရေးကိစ္စတွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ထိပ်တန်းတာဝန်ရှိသူတချို့ဟာ ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ NUG ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။
နောက်ထပ်ကြည့်ရှုရန်