တော်လှန်ရေး အင်အားစုတွေ မကြာသေးခင်က ထိန်းချုပ်ခဲ့တဲ့ မြဝတီမြို့ကို ဦးတည်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားအစည်းအရုံးရဲ့ လက်နက်ကိုင်တပ်ဖွဲ့ KNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စံချိန်တင် အပူဒဏ်ခံနေရတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခတွေက တိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေ ရေရှားပါးတဲ့ ပြဿနာနဲ့ပါ ရင်ဆိုင်နေကြရပါတယ်။ စစ်ရေးပဋိပက္ခတွေ ပြင်းထန်ခဲ့တဲ့ ကရင်နီဒေသမှာ ဆိုရင်လည်း သောက်သုံးရေ ရှားပါးမှုနဲ့ ကြုံနေရတယ်လို့ ဒုက္ခသည်တွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့မှာ စစ်ရေးတင်းမာနေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ KIA သိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာ တိမ်းရှောင်နေကြရပြီး မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်တွေ ရှိနေတာကြောင့် ကလေးငယ်တွေအတွက် စိုးရိမ်ရတဲ့အခြေအနေရှိနေသလို ပညာပေးလုပ်ငန်းတွေကို ဆောင်ရွက်နေကြရပါတယ်။
"အစိုးရဝန်ကြီးတွေထဲမှာ သဘောထားကွဲလွဲမှုတွေ အများကြီးရှိလာပြီး အက်ကြောင်းတွေရှိလာနေတယ်ဆိုတာ ကျမတို့ သိထားပါတယ်။ ဒါပေမဲ့ Parnpree နုတ်ထွက်သွားမယ်လို့ မျှော်လင့် မထားကြဘူး။" (ဘန်ကောက် Kasetsart တက္ကသိုလ်က မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ Lalita Hanwong )
“ရှားတော၊ ဒီဘက်နဲ့ ရေရှင်ဘက်တွေကျတော့ တောင်ပေါ်တွေမှာ နေရတာဖြစ်တဲ့အတွက် ရေရှားတယ်။ ရေတခေါက်ရဖို့အရေးကို အဝေးကြီးပေါ့။ တောင်ပေါ်တွေ၊ တောင်ဆင်းတောင်တက်နဲ့ ထမ်းသယ်ရတာပေါ့။ အခု လူအို သူအိုတွေကလည်း နေပူချိန်တွေမခံနိုင်လို့ ကျန်းမာရေးတွေဖောက် သေတဲ့သူက သေ၊ အဲ့လိုမျိုးတွေ ဖြစ်တာပေါ့လေ။" (ဒေသခံ)
နှစ်ပေါင်း ၅၀ ကျော်မှာ အပူဆုံးဒဏ် ခံနေရတဲ့ မြန်မာနိုင်ငံမှာ နေထိုင်မကောင်းသူတွေ၊ အသက်ဆုံးရှုံးသူတွေ ရှိနေတယ်လို့ မြို့ခံတွေနဲ့ လူမှုကယ်ဆယ်ရေးအသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံက ချောက်မြို့ဟာ အပူချိန် ၄၈.၂ ဒီဂရီ ဆဲလ်စီယပ် ရှိခဲ့ပြီး အမြင့်ဆုံး ဖြစ်ခဲ့ပါတယ်။
မြန်မာအပါအဝင် အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာ အခုသီတင်းပတ်တွေအတွင်း အပူလှိုင်းဝင်ရောက်နေတာကြောင့် အသက်ဆုံးရှုံးမှုတွေ ရှိနေပါတယ်။
ကိုရီးယားအစိုးရက နှစ်တိုင်းခေါ်ယူနေတဲ့ အလုပ်သမားကျွမ်းကျင် အရည်အချင်းစစ် စာမေးပွဲကို ဒီနေ့ ဧပြီလ ၃၀ရက်မှာ စတင်ကျင်းပနေပြီး ဖြေဆိုဖို့ လျှောက်လွှာတင်ခဲ့တဲ့ မြန်မာနိုင်ငံသား အရေအတွက် အရင်ထက် သိသိသာသာ ပိုများလာပါတယ်။
စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးကို တရုတ်ခရီးစဥ်မှာ ဆုချီးမြှင့်နေချိန်မှာပဲ စစ်တပ်ကမြဝတီမှာ ခြေကုပ်ပြန်ယူနိုင်ဖို့ အွန်လိုင်းလိမ်လည်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်နေတဲ့ BGF နယ်ခြားစောင့်ရဲ့အကူအညီကို ယူရတာက တရုတ် အစိုးရမျက်နှာကို ဖြတ်ရိုက်လိုက်သလိုလုပ်ရပ်လို့ သုတေသီတဦးက ဗွီအိုအေကို ပြောပါတယ်။
“ကယ်ဆယ်ရေးတွေ၊ ပြန်လည်ပြုပြင်ရေးတွေလုပ်တယ်လို့ ယူဆပြီးတော့မှ အဲ့ဒီ့ လုပ်နေတဲ့လူတွေကိုထိခိုက်အောင်၊ နစ်နာအောင် နောက်တကြိမ် အညှိုးကြီးကြီးနဲ့ လာလုပ်တယ်လို့ ယူဆတယ်။ ထိခိုက်မှုက အဲ့အဆောက်အဦးကိုပဲ ပြန်ကြဲတာဆိုတော့ တစုံတရာထပ်ပြီးမှ ထိခိုက်မှုတော့မရှိဘူး။" (ဆလိုင်းဟာအွမ်- CDF မင်းတပ် ပြောခွင့်ရ)
ကချင်ပြည်နယ် မြစ်ကြီးနားထောင်တွင်း ဆန္ဒပြမှုမှာပါဝင်တယ်ဆိုတဲ့ အကျဉ်းသား ၁၉ ဦးကို ထောင်တွင်းအပြစ်ပေးအရေးယူထားသလို နောက်ထပ် ပြစ်ဒဏ်ချမှတ်ဖွယ်ရှိနေပါတယ်။ လူသေဆုံးတဲ့အထိပစ်ခတ်ခဲ့တဲ့ ဒီဖြစ်စဉ်မှာ အကျဉ်းဦးစီးအရာရှိတချို့ကိုလည်း ဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။
ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အာရက္ခတပ်တော် AA က မကြာသေးခင်ရက်တွေမှာ အပြင်းအထန် ထိုးစစ်ဆင်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်ဘက်ဆိုင်ရာ အချက်အချာ နေရာမှာ အခုနောက်ဆုံး တိုက်ပွဲသံ မကြားရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်