မြန်မာနိုင်ငံဟာ ပြီးခဲ့တဲ့ နှစ်တွေအတွင်း ကာကွယ်ဆေးထိုးတဲ့နှုန်း ကျဆင်းလာခဲ့ပြီး ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါတွေ ကူးစက်နိုင်ခြေ တိုးလာတယ်လို့ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များ အရေးပေါ် ရန်ပုံငွေ အဖွဲ့ UNICEF က ဒီကနေ့ သတိပေးထားပါတယ်။
မင်းတပ်မြို့နယ် တိုက်နယ် အမှတ် ၂ က ဝမ္မသူး ဆေးရုံကို ဧပြီ ၂၅ ရက်၊ မနေ့ည ၈ နာရီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး ဆေးရုံနဲ့ ဝန်ထမ်းအိမ်ယာတွေလည်း မီးလောင် ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလနောက်ပိုင်း ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀ လောက်ကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့တွေက ရိုက်နှက်ပြီး မြန်မာနိုင်ငံဘက် အနည်းဆုံး ၆ ကြိမ် အတင်းအကျပ် ပြန်ပို့ခဲ့တဲ့အကြောင်း ဒေသအတွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်တဲ့ Fortify Rights အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ်၊ မြ၀တီ ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA/PDF ပူးပေါင်းတပ်တွေအကြား မနေ့ ဧပြီလ ၂၅ ရက်ညက တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ဘေးရှောင် ပြည်သူတွေဟာ နယ်ခြား သောင်ရင်းမြစ်အနီးကို ထွက်ပြေး လာကြရပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်အရေး ရေရှည် တည်တန့်တဲ့ အဖြေရှာ နိုင်အောင် ထိုင်းနိုင်ငံက ကူညီသွားမယ်လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောပါတယ်။ ဒီကနေ့ ဘန်ကောက်မြို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina ကို လက်ခံကြိုဆိုတဲ့ အခမ်းအနားမှာ အခုလို ပြောဆိုသွားတာပါ။
လာမယ့် ဧပြီလ ၂၇၊ ၂၈ ရက်နေ့တွေမှာ နေ့အပူချိန် ပိုပြင်းလာနိုင်တာမို့ သတိထားနေထိုင်ကြဖို့ မိုးဇလဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ စံချိန်တင် အပူမြင့်တာတွေ ဖြစ်လာနိုင်တာမို့ နောက်ဆက်တွဲအနေနဲ့ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာအပြင် မိုးကြိုးပစ်ခံရတာတွေ ရှိလာနိုင်တယ်လို့ သတိပေးပါတယ်။
ရခိုင်တောင်ပိုင်းက သံတွဲနဲ့ တောင်ကုတ်ကြားမှာလည်း ၃ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေသလို အမ်းနဲ့ ဘူးသီးတောင် မောင်တောဘက်တွေမှာလည်း တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိအခြေအနေမှာ ဟိုဘက်ဒီဘက် စွပ်စွဲမှုတွေ၊ တိုက်ခိုက်မှုတွေ ဖြစ်နေတယ်။ ဒီကိစ္စတခုကိုကြည့်မယ်ဆိုရင်တော့ နောက်ကွယ်ကဖန်တီးနေတာ အကြမ်းဖက်စစ်ကောင်စီပဲဖြစ်ပါတယ်၊ ကျနော်တို့အနေနဲ့က အပြစ်မဲ့တဲ့ပြည်သူတွေကြားထဲမှာ မုန်းတီးမှု၊ လူမျိုးရေးအရအကြမ်းဖက်မှုတွေမဖြစ်ရဖို့ လိုလားတယ်။" (ဦးအောင်မျိုးမင်း - NUG)
မြန်မာနိုင်ငံမှာ အတိုက်အခံ NLD ပါတီဝင်အများစုပါတဲ့ အရွေးကောက်ခံ လွှတ်တော်အမတ် ၇၄ ဦး ဖမ်းဆီးထောင်ချခံနေရတာ၊ တရားရင်ဆိုင်နေရနေရသလို အများအပြားလည်း ပြည်ပထွက်ပြေးနေရတယ်လို့ လူ့အခွင့်ရေးဆိုင်ရာ အာဆီယံ ပါလီမန်အမတ်များအဖွဲ့ APHR ရဲ့ ကြာသပတေးနေ့ထုတ်ပြန်တဲ့အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။
စစ်ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်တဲ့အဖွဲ့ဟာ ကြာသပတေးနေ့မှာ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဖြစ်တဲ့ နိုင်ငံတော်ကောင်စီဝင် ဝမ် ရှားဟုန် (Wang Xiaohong) နဲ့ ဘေဂျင်းမှာတွေ့ဆုံခဲ့တယ်လို့ ဆင်ဟွာတရုတ်အစိုးရသတင်းဌာနက ဖေါ်ပြပါတယ်။
“စစ်တပ်ရဲ့ ဖိအားကြောင့် ရိုဟင်ဂျာတွေပဲ မီးရှို့ခဲ့တာပါ၊ မွတ်ဆလင်တွေကို ရိုဟင်ဂျာတွေကို တပ်ဖွဲ့ဝင်အဖြစ် သူတို့ကသုံးနေတယ်မလား။ စစ်တပ်က အဲဒီမှာ ဒီအိမ်တွေကို မီးရှို့ပေးရမယ်။ မီးမရှို့ဘူးဆိုရင် ခင်များတို့လည်း သစ္စာဖောက်ပဲ-လို့ ငါတို့သတ်မှတ်မယ်၊ အဲလိုပဲ သူတို့က မီးရှို့ခိုင်းတာ။” (ရိုဟင်ဂျာတဦး)
" စစ်ကောင်စီတွေရောက်လာတာနဲ့ ရွာသားတွေကြောက်ကြတယ်ပေါ့။ ကြောက်ရင်းနဲ့ ထွက်ပြေးလာတာ။ အဲ့ဒီမှာ ပစ်တာနဲ့ ၅ နာရီ ဝန်းကျင်းလောက်ပဲ။ တချို့လူက အိပ်ရာထတာနဲ့ ကမန်းကတန်း ပြေး၊ ကော့ဘိန်း၊ ကော့ပေါက်၊ မင်းရွာ၊ ကော့ပလိုင်၊ ကော့မိတ်၊ စစ်ပြေး ၁၀ ရွာလောက်ရှိတယ် အဲ့လိုမျိုးရှောင်နေတာ။" (စစ်ရှောင်ကူညီသူတဦး)
နောက်ထပ်ကြည့်ရှုရန်