သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ၁ သိန်း ယာယီလက်ခံဖို့ ထိုင်းအစိုးရပြင်ဆင်


ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်များနဲ့အတူ တွေ့ရတဲ့ ထိုင်းစစ်တပ်တာဝန်ရှိသူများ (ဧပြီ ၁၁၊ ၂၀၂၄)
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်များနဲ့အတူ တွေ့ရတဲ့ ထိုင်းစစ်တပ်တာဝန်ရှိသူများ (ဧပြီ ၁၁၊ ၂၀၂၄)

မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်ပဋိပက္ခတွေကြောင့် ဒုက္ခသည်တွေ ထွက်ပြေးလာမယ်ဆိုရင် ဒုက္ခသည် တသိန်း အထိ ယာယီလက်ခံဖို့ ပြင်ဆင်ထားတဲ့အကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-nukara က သတင်းထောက်တွေကို ပြောဆိုပါတယ်။ မြန်မာနိုင်ငံ ပဋိပက္ခမှာ ထိုင်းနိုင်ငံအနေနဲ့ ဘက်မလိုက်ဘဲ ကြားနေရပ်တည်တဲ့အကြောင်းနဲ့ စေ့စပ်ညှိနှိုင်းကြဖို့ သက်ဆိုင်ရာ အဖွဲ့တွေကို သူက တိုက်တွန်းသွားပါတယ်။

တချိန်တည်းမှာ ထိုင်းနိုင်ငံဘက် ထွက်ပြေးတဲ့ စစ်တပ် အရာရှိတွေနဲ့ ဝန်ထမ်းတွေကို ကယ်ဆယ်ဖို့အတွက် အရေးပေါ် ကယ်ဆယ်ရေးလေယာဉ် ဆင်းခွင့် ထိုင်းအစိုးရကို တောင်းခံခဲ့တယ်ဆိုတာ မဟုတ်မမှန်တဲ့အကြောင်း စစ်ကောင်စီက ငြင်းဆိုပါတယ်။ လေယာဉ်စေလွှတ်ခြင်းလည်း မရှိဘူးဆိုပြီး စစ်ကောင်စီ ပြောခွင့်ရက VOA ရဲ့ အမေးကို ပြန်လည်ဖြေကြားတာပါ။

ထိုင်းဝန်ကြီးချုပ် Srettha Thavisin ကတော့ မဲဆောက်မြို့မှာ အရေးပေါ်လေယာဉ် ဆင်းသက်ခွင့် မြန်မာစစ်ကောင်စီက တောင်းခံတာကို ခွင့်ပြုခဲ့တာဟာ လူသားချင်း စာနာမှုအရ ခွင့်ပြုခဲ့တာဖြစ်ပြီး စစ်တပ်တပ်ဖွဲ့ဝင်တွေနဲ့ လက်နက်တွေ သယ်ယူခွင့်ပေးခဲ့တာ မဟုတ်တဲ့အကြောင်း ပြန်လည်ရှင်းလင်းတာကို ဘန်ကောက်ပို့စ် သတင်းစာမှာ ရေးပါတယ်။

ကရင်ပြည်နယ်အတွင်း မကြာသေးခင်ရက်ပိုင်းကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အရေးနိမ့်ခဲ့ပြီးနောက် ထိုင်းနိုင်ငံဘက် ထွက်ပြေးတဲ့ စစ်တပ်အရာရှိတွေနဲ့ ဝန်ထမ်းတွေကို ကယ်ဆယ်ဖို့အတွက် အရေးပေါ် ကယ်ဆယ်ရေးလေယာဉ် ဆင်းခွင့် ထိုင်းအစိုးရကို တောင်းခံခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြု ပြောဆိုထားပါတယ်။

တနင်္ဂနွေနေ့က မဲဆောက်မြို့မှာ ပထမလေယာဉ်တစင်း ဆင်းသက်ခဲ့ပြီး နောက်ထပ် အရေးပေါ်လေယာဉ် ဆင်းသက်ခွင့် ၂ ခေါက် တောင်းခံထားတဲ့ အစီအစဉ်ကို စစ်ကောင်စီဘက်က ရုတ်သိမ်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG