ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားပြီး ထိုင်းမြန်မာချစ်ကြည်ရေးတံတားအနီးက လက်နက်မချသေတဲ့ ခလရ ၂၇၅က စစ်သားတွေကို ဧပြီလ ၁၉ရက်နေ့ညက ဒရုန်းတွေနဲ့ ဒုတိယအကြိမ်မြောက်ပစ်ခတ်ခဲ့တာပါ။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်အောင် ပဋိပက္ခမှာ ပါဝင်နေသူ အားလုံး တွေ့ဆုံ ဆွေးနွေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးက တိုက်တွန်း ပြောဆိုဖို့ အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ မွန်-ကရင်နယ်စပ်မှာ ဧပြီ ၁၉ ရက် ဒီကနေ့ မနက်အစောပိုင်းက တရနာနဲ့ သံကလောင်ကျေးရွာကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ် ၂စင်းလာပြီး ဗုံးကြဲ တိုက်ခိုက် နေတယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနှစ်ဆန်း ၁ရက်၊ ဧပြီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဟာ မျှတမှုမရှိဘူးဆိုပြီး မြစ်ကြီးနား အကျဉ်းထောင်မှာရှိတဲ့ အကျဥ်းသားတွေက ဧပြီလ ၁၈ ရက်၊ မနေ့ နေ့လယ်ပိုင်းကစလို့ ထောင်တွင်း ဆန္ဒပြခဲ့တာပါ။ ညနေပိုင်းမှာတော့ အာဏာပိုင်တွေက နှိမ်နင်းခဲ့တာမှာ အကျဉ်းသား ၄ဦး သေဆုံးခဲ့ပါတယ်။
KIA က သိမ်းယူထားတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ နန့်ယားရွာအနီးကို ဒီကနေ့မနက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ တိမ်းရှောင်နေတဲ့ နန့်ယားရွာသားတွေကို နေရပ်မပြန်ဖို့ KIA က တားမြစ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။
အတင်းအကျပ် စစ်သားစုဆောင်းမှု၊ စစ်မြေပြင်ကို အလျင်စလို စေလွှတ်မှုတွေကြောင့် ရှေ့တန်းစစ်မျက်နှာမှာ သေဆုံးတာတွေနဲ့အတူ ဆက်ပြီးဆိုးရွားလာနိုင်ခြေရှိတဲ့ လူမှု၊ စီးပွား ပြဿနာတွေကို လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြလိုက်တာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းလိုက်တာလား။ တခြားထောင်ကို ပြောင်းလိုက်တာလားဆိုတာ မသဲကွဲဘူးလို့ သားဖြစ်သူက ပြောကြားခဲ့တာပါ။ အပြောင်းအလဲလုပ်တာက ကျန်းမာရေးကြောင့်လို့ စစ်ကောင်စီက ပြောပေမဲ့ မဖြစ်နိုင်သလောက်ပဲလို့လည်းပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ မြန်မာနယ်ခြားစပ်စောင့်တပ် BGF တပ်ဖွဲ့ဝင် ၁၃ ယောက် Cox's Bazar မှာရှိတဲ့ Teknaf နယ်ခြားကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံ ဝင်ရောက်လာတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရာရှိတွေက ဒီနေ့ ပြောဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူသီးတောင်မြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးတို့ကို အစ္စာလာမ်မစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း အိန္ဒိယမီဒီယာတခုက ဖော်ပြခဲ့တာက မမှန်ကန်တဲ့လုပ်ကြံဖန်တီးရေးသားချက်လို့မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၈ ရက်က တုံ့ပြန်ပါတယ်။
မလေးရှားအနေနဲ့ ၂၀၂၅၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ (NUG) အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့ တွေနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့လိုသလို မြန်မာအရေးဖြေရှင်းနိုင်ဖို့ ပိုကြီးမားတဲ့ အခန်းကဏ္ဍကပါဝင်ပြီး လက်တွေ့ကျတဲ့နည်းလမ်းတွေ ဖော်ဆောင်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah က တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်ဆိုင်းကြဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ဒီကနေ့ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပြီး အရပ်သားတွေ ဘေးကင်းလုံခြုံမှုရှိရေးနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်ကြဖို့ကိုလည်း ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းယူထားတဲ့ မြဝတီမြို့ ပြန်လည်ရရှိရေး စစ်ကောင်စီတပ်တွေက အင်အားအလုံးအရင်းစေလွှတ်နေတဲ့အပြင် ကော့ကရိတ်မြို့မှာလည်း လေကြောင်းက တိုက်ခိုက်မှုတွေ ပြုလုပ်နေပါတယ်။
နောက်ထပ်ကြည့်ရှုရန်