ထိုင်းမြန်မာ ချစ်ကြည်ရေး တံတားအမှတ် ၂ အောက်မှာ ခိုလှုံနေတဲ့ စစ်ကောင်စီ ခလရ ၂၇၅ တပ်ရင်းက တပ်ဖွဲ့ဝင်တချို့ကို KNLA/ PDF မဟာမိတ်တပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သလို စစ်တပ်ဘက်ကလည်း လေကြောင်းနဲ့ တုံ့ပြန်တိုက်ခိုက်ခဲ့ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ၊ ပြည်သူကာကွယ်ရေး PDF တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဧပြီလ ၂၀ ရက်နေ့ညက ညလုံးပေါက် တိုက်ပွဲကြောင့် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးလာတဲ့ ဒုက္ခသည် ထောင်နဲ့ချီ ရှိနေပါတယ်။
အိန္ဒိယရွေးကောက်ပွဲအလားအလာ အကြိုခန့်မှန်းချက် − အိန္ဒိယနိုင်ငံရွေးကောက်ပွဲကို (၇)ရက်ခွဲပြီးကျင်းပတဲ့အနေနဲ့ ကြာသပတေးနေ့က စတင်ခဲ့ရာမှာ အာဏာရ BJP ပါတီကသာ အနိုင်ရချေရှိတယ်လို့ ခန့်မှန်းနေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အိန္ဒိယမှာနေထိုင်တဲ့ မြန်မာနွယ်ဖွားတွေရဲ့အမြင်ကို ကိုခင်မောင်စိုးမင်းက စုစည်းတင်ဆက်ထားပါတယ်။
ထိုင်းမြန်မာနယ်စပ် မဲဆောက်-မြဝတီကုန်သွယ်ရေး အဓိကလုပ်တဲ့ ချစ်ကြည်ရေးတံတား (၂) မြဝတီဘက်ခြမ်းမှာ ခိုအောင်းနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA မဟာမိတ်တပ်တွေ စီးနင်းတိုက်ခိုက်ပြီး အပြီးသတ်ရှင်းလင်းနိုင်ပြီလို့ KNLA /PDF ပူးပေါင်းတပ်တွေကပြောပါတယ် ။
မကြာခင် သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက် ခိုလှုံလာတဲ့ မြန်မာစစ်ကောင်စီ တပ်သား ၂၈၅ ယောက်ကို ဧပြီလ ၂၂ ရက်နေ့မှာ မြန်မာဘက်ကို ပြန်ပို့မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“ ဖယ်ခိုင်းတဲ့ကိစ္စတော့ ကျနော်တို့လည်း တိတိကျကျမသိဘူး ကမုန်တောင်တပ်က တပ်ရင်းမှူးအပါအဝင် စစ်သားတွေပါတယ်၊ သူတို့လာပြီးတော့ ရွာမှာရှိတဲ့ ဥက္ကဌကို ခေါ်ပြီးတော့ ငှက်ပျောတောရွာနဲ့ အနောက်ပါးရွာကို ဒီနေ့ကစပြီးတော့ နောက် ၇ ရက်အတွင်း ဖယ်ပေးရမယ်ဆိုပြီး လာပြောတယ်၊ ရွာက ဥက္ကဌက ရွာသားတွေခေါ်ပြီး ပြောတယ်။”
ရခိုင်ပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ရခိုင်တပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေသလို ရခိုင်အသိုင်းအဝိုင်းနဲ့ ရိုဟင်ဂျာတွေကြား တင်းမာမှုတွေ ဖြစ်လာနေတာဟာ ဒေသခံအရပ်သားတွေအတွက် အန္တရာယ် သိပ်ကြီးတာ ပြန်ဖြစ်လာနိုင်တယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေး မဟာမင်းကြီး Volker Türk က ဧပြီ ၁၉ ရက်မှာ သတိပေးလိုက်ပါတယ်။
ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်နဲ့ ပြည်သူကာကွယ်ရေးတပ်တွေ ထိန်းချုပ်ထားပြီး ထိုင်းမြန်မာချစ်ကြည်ရေးတံတားအနီးက လက်နက်မချသေတဲ့ ခလရ ၂၇၅က စစ်သားတွေကို ဧပြီလ ၁၉ရက်နေ့ညက ဒရုန်းတွေနဲ့ ဒုတိယအကြိမ်မြောက်ပစ်ခတ်ခဲ့တာပါ။
မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်နဲ့အညီ ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာနိုင်အောင် ပဋိပက္ခမှာ ပါဝင်နေသူ အားလုံး တွေ့ဆုံ ဆွေးနွေးကြဖို့ နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံးက တိုက်တွန်း ပြောဆိုဖို့ အရေးကြီးတဲ့အချိန် ဖြစ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲပြင်းထန်နေတဲ့ မွန်-ကရင်နယ်စပ်မှာ ဧပြီ ၁၉ ရက် ဒီကနေ့ မနက်အစောပိုင်းက တရနာနဲ့ သံကလောင်ကျေးရွာကြားမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေအကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေယာဉ် ၂စင်းလာပြီး ဗုံးကြဲ တိုက်ခိုက် နေတယ်လို့ ရွာခံတွေက ဗွီအိုအေကို ပြောပါတယ်။
မြန်မာနှစ်ဆန်း ၁ရက်၊ ဧပြီလ ၁၇ ရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့်ဟာ မျှတမှုမရှိဘူးဆိုပြီး မြစ်ကြီးနား အကျဉ်းထောင်မှာရှိတဲ့ အကျဥ်းသားတွေက ဧပြီလ ၁၈ ရက်၊ မနေ့ နေ့လယ်ပိုင်းကစလို့ ထောင်တွင်း ဆန္ဒပြခဲ့တာပါ။ ညနေပိုင်းမှာတော့ အာဏာပိုင်တွေက နှိမ်နင်းခဲ့တာမှာ အကျဉ်းသား ၄ဦး သေဆုံးခဲ့ပါတယ်။
KIA က သိမ်းယူထားတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ နန့်ယားရွာအနီးကို ဒီကနေ့မနက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ တကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်းနဲ့ တိမ်းရှောင်နေတဲ့ နန့်ယားရွာသားတွေကို နေရပ်မပြန်ဖို့ KIA က တားမြစ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်