မြန်မာ၊ ဆူဒန်နဲ့ အီသီယိုးပီးယားနိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ တိုးပွားလာနေသလို၊ ဂါဇာနဲ့ ယူကရိန်းနိုင်ငံတွေမှာလည်း နိုင်ငံတကာဥပဒေတွေ ပျက်ပြားလုနီးပါးဖြစ်နေတယ်လို့ (Amnesty International) က ဒီနေ့ထုတ်ပြန်တဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျေးရွာသားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လုံခြုံရေးအတွက်လည်း စိုးရိမ်နေကြတာပါ။
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေပြေလည်ရေး အာဆီယံအဖွဲ့အတွင်းက အရေးပါတဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံကို အဆိုပြုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။
စစ်ရေးတင်းမာနေတဲ့ ကရင်နီဒေသ လွိုင်ကော်မြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် လူ ၆ ဦး သေဆုံးရတာဟာ စစ်ရာဇဝတ်မှုအဖြစ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက စွပ်စွဲလိုက်ပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ မြန်မာနိုင်ငံသားတွေ တရားဝင် အလုပ်လုပ်နိုင်ဖို့အတွက် နှစ်နိုင်ငံ နားလည်မှုစာချုပ် MoU လက်မှတ်ရေးထိုးလိုက်ကြောင်း မြန်မာ အလုပ်သမားရေးဌာနက ပြောပါတယ်။
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအခြေစိုက်တဲ့ စစ်ကောင်စီတပ်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းယူလိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။ တချိန်တည်းမှာပဲ မိုးမောက်မြို့မှာ စစ်ရေးတင်းမာနေတာပါ။
မြန်မာနိုင်ငံရေးအကျပ်အတည်းဟာ ဒေသတခုလုံးရဲ့တည်ငြိမ်မှုကိုပါ ထိခိုက်လာတာကြောင့် တရုတ်နိုင်ငံအနေနဲ့ မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ နိုင်ငံတကာအတူ ပူးပေါင်းဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက VOA ကို ပြောပါတယ်။
အာဆီယံသဘောတူမျှချက် ၅ ချက်နဲ့ လူသားချင်းစာနာမှုအကူအညီပေးရေး အားထုတ်မှုတွေကို ဗီယက်နမ်နိုင်ငံက ထောက်ခံကြောင်း ဗီယက်နမ်ဝန်ကြီးချုပ် Pham Minh Chinh က ပြောပါတယ်။
"သိက္ခာမကျသွားအောင် စစ်တပ်က အဲဒီ (ခလရ ၂၇၅ စခန်းကုန်း) မှာ အလံ တက်ထောင်လို့ရပြီ ဆိုပြီး နှစ်ယောက် သုံးယောက်လောက်က တက်ထောင်လိုက်တာပဲ။ စစ်တပ်က တံတားအောက်ကိုရောက်ပြီးကတည်းက အဲဒီကုန်းမှာ တယောက်မှလည်း မထိုင်ရဲတော့ဘူး။ အဲဒီကုန်းပေါ်မှာအလံထောင်လို့ရပြီဆိုပြီးတော့ အလံပဲသွားထောင်တာပါ။" (ဒေသခံ)
ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူမယ့် မြန်မာရေတပ်ပိုင် ချင်းတွင်း သင်္ဘောနဲ့ မနက်ဖြန် ပြန်ပို့မှာလို့လည်း ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေကြား တိုက်ပွဲတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရသူ ၁၀၀ ကျော် ထိုင်းနိုင်ငံမှာ ဆေးကုသမှု ခံယူနေကြောင်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။
နော်ဝေနိုင်ငံ အလုပ်သမားသမဂ္ဂက နှစ်စဉ်ချီးမြှင့်လေ့ရှိတဲ့ ၂၀၂၄ ခုနှစ်အတွက် Arthur Svensson ခေါ် နိုင်ငံတကာ အလုပ်သမားသမဂ္ဂ အခွင့်အရေးဆုကို မြန်မာနိုင်ငံက အလုပ်သမား အခွင့်အရေးလှုပ်ရှားသူ တဦးဖြစ်တဲ့ ဒေါ်ခိုင်ဇာအောင်ကို ရွေးချယ်ချီးမြှင့်လိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်