သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာဇဝတ်မှုတွေ ကျူးလွန်သူ စစ်သား ၁၀ ယောက် MNDAA က သေဒဏ်ချမှတ်တဲ့အပေါ်  EU အပြစ်တင်


ပစ်ဒဏ်သင့်စစ်သားများကို သေဒဏ်ပေးသည့် အခမ်းအနား ရုပ်သံ MNDAA ထုတ်ပြန်ခဲ့ (ဧပြီ ၂၄၊ ၂၀၂၄)
ပစ်ဒဏ်သင့်စစ်သားများကို သေဒဏ်ပေးသည့် အခမ်းအနား ရုပ်သံ MNDAA ထုတ်ပြန်ခဲ့ (ဧပြီ ၂၄၊ ၂၀၂၄)

ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင် MNDAA က ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဆိုတဲ့ စစ်သား ၁၀ ယောက်ကို သေဒဏ်ချမှတ်တဲ့အပေါ် EU ဥရောပသမဂ္ဂက အပြစ်တင် ဝေဖန်လိုက်ပါတယ်။ တုန်ရှန်း မြို့နယ် အတွင်းရေးမှူး၊ ဒုတပ်ရင်းမှူး၊ ပြည်သူ့စစ်ကြောင်းမှူး စတဲ့ တာဝန်တွေယူခဲ့သူအပါအဝင် ၁၀ ယောက်ကို အာဏာအလွဲသုံးစားလုပ်မှု၊ ပြန်ပေးဆွဲမှု၊ လူကုန်ကူးမှု၊ လူသတ်ဖို့ရည်ရွယ်ကြံစည်မှု စတာတွေအပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ဆိုပြီး အများပြည်သူရှေ့မှာ တရားစီရင် သေဒဏ်ချမှတ်ခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူတို့ကျူးလွန်ခဲ့တဲ့အမှုတွေက ကြီးလေးတဲ့အတွက် အပြင်းဒဏ်ဆုံး ပြစ်ဒဏ်ချဖို့ လိုအပ်တယ်လို့လည်း သတင်းထဲမှာ ဆိုထားပါတယ်။ အခုလို သေဒဏ်ချခဲ့တာအပြင် အဲဒီထဲက ၃ ယောက်ကို April ၂၄ ရက် ဗုဒ္ဓဟူးနေ့မှာပဲ ကွပ်မျက်ခဲ့ပုံရတဲ့အပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ EU သံရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဘယ်နေရာ ဘယ်လို အခြေအနေမျိုးဖြစ်ဖြစ် သေဒဏ်ပေးမှုကို ခိုင်ခိုင်မာမာ ဆန့်ကျင်တယ်လို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ သေဒဏ်ချမှတ်တာဟာ လူသားမဆန်တဲ့အပြင် လူ့ဂုဏ်သိက္ခာကို အဆုံးစွန်ဆုံး လှစ်လျူရှုရာရောက်တယ်လို့ EU ကပြောပါတယ်။ ဖယ်ဒရယ်ဒီမိုကရေစီရရှိဖို့ကြိုးပမ်းတဲ့နေရာမှာ နိုင်ငံတကာ စံနှုန်းတွေ တရားဥပဒေစိုးမိုးမှုတွေအတိုင်း လုပ်ဖို့ လိုအပ်တယ်လို့လည်း EU ရဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေဖြစ်ကြတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၊ NLD လွှတ်တော်ကိုယ်စားလှယ် ကိုဖြိုးဇေယျာသော် အပါအဝင် ၄ ယောက်ကို ၂၀၂၂ ခုနှစ်တုန်းက စစ်ကောင်စီက သေဒဏ်စီရင်ခဲ့ချိန်တုန်းကလည်း EU ကပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG