သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံသား ၂၈၈ ယောက်ကို ဘင်္ဂလားဒေရှ့် ဒီကနေ့ပြန်ပို့


မြန်မာနိုင်ငံသားများကို ဘင်္ဂလားဒေရှ့် က နေရပ်ပြန်ပို့နေစဉ် (ဧပြီ ၂၅၊ ၂၀၂၄)
မြန်မာနိုင်ငံသားများကို ဘင်္ဂလားဒေရှ့် က နေရပ်ပြန်ပို့နေစဉ် (ဧပြီ ၂၅၊ ၂၀၂၄)

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခိုလှုံခဲ့တဲ့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပါအဝင် မြန်မာနိုင်ငံသား ၂၈၈ ယောက်ကို ဒီနေ့မနက်ပိုင်းမှာ မြန်မာနိုင်ငံကို ပြန်ပို့လိုက်ပါပြီ။ အခု ပြန်ပို့လိုက်သူတွေထဲမှာ မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့က ၂၆၁ ယောက်ပါဝင်ပြီး ကျန်တဲ့သူတွေကတော့ မြန်မာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတွေ ဖြစ်တယ်လို့ Dhaka Tribune သတင်းက ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ နဲ့ အုပ်ချုပ်ရေးအဖွဲ့ သတင်းအရင်းအမြစ်တွေရဲ့ အဆိုအရတော့ အဲဒီ ၂၈၅ ယောက်ကို Cox’s Bazar မြို့က ဘာခါလီ မြစ်ပေါ်က BIWTA ဆိပ်ကမ်းကို ဘတ်စ်ကားတွေနဲ့ ဒီနေ့မနက် ၄ နာရီလောက်က သယ်ဆောင်သွားခဲ့ပြီး၊ အဲဒီကနေ မနက် ၆ နာရီခွဲမှာ ဘင်္ဂလားဒေ့ရှ်ရေတပ်သင်္ဘောနဲ့ ဘင်္ဂလားပင်လယ်အော်အတွင်းမှာ ရပ်နားထားတဲ့ မြန်မာရေတပ်သင်္ဘောဆီကို ပို့ဆောင်ပေးခဲ့တယ်ဆိုတာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ ပြည်သူ့ဆက်ဆံရေးအရာရှိ Shariful Islam က အတည်ပြုပါတယ်။

နှစ်နိုင်ငံ နယ်ခြားစောင့်တပ်တွေရဲ့ ကိုယ်စားလှယ်တွေ အသေးစိတ်ဆွေးနွေးပြီးတဲ့နောက် အဲဒီလူတွေကို မြန်မာနိုင်ငံဘက်ခြမ်းကို လွှဲပြောင်းပေးဖို့ ဆုံးဖြတ်ပြီး ပြန်လည်လွဲပြောင်းပေးတာတွေကို သေချာဂရုစိုက်လုပ်ဆောင်ခဲ့တယ်လို့ Dhaka Tribune က ဖော်ပြာပါတယ်။ မြန်မာနိုင်ငံဘက်ခြမ်းကို မလွှဲခင်မှာတော့ မြန်မာစစ်ကောင်စီ တာဝန်ရှိသူတွေဘက်က အဲဒီလူတွေရဲ့ အချက်အလက်တွေကို သေချာစစ်ဆေးပြီး အတည်ပြုခဲ့တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ AA အာရက္ခတပ်တော် နဲ့ မြန်မာစစ်ကောင်စီတို့ကြား ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် အဲဒီမှာရှိတဲ့ စစ်ကောင်စီ တပ်တွေနဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေး ခိုလှုံခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တုန်းကလည်း အလားတူ ဘင်္ဂလားဒေ့်ရ်ှနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့ မြန်မာစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့တွေ၊ အကောက်ခွန်အရာရှိတွေ အပါအဝင် စစ်ကောင်စီလက်အောက်က တာဝန်ရှိသူ ၃၃၀ ကို တခါ မြန်မာနိုင်ငံဘက်ကို ပြန်လည်ပို့ဆောင်ခဲ့ပါသေးတယ်။

မြန်မာနိုင်ငံတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပါအဝင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်တွေဟာ အခုနောက်ပိုင်း အိမ်နီးချင်း တဘက်နိုင်ငံကို ထွက်ပြေးခိုလှုံတာတွေလည်းရှိလာနေပါတယ်။ မကြာသေးခင်ကဆိုရင်လည်း ကရင်ပြည်နယ် ထိုင်း-မြန်မာနယ်စပ်က တိုက်ပွဲတွေအတွင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခိုလှုံတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း ရှိခဲ့ပြီး ၊ ထိုင်းနိုင်ငံကနေ မြန်မာဘက်ကို ပြန်လည် ပို့ဆောင်တာတွေလည်းရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG