သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေအကျဉ်းထောင်က ဘင်္ဂလားဒေ့်ရှ်နိုင်ငံသား ၁၇၃ ဦး နေရပ်ပြန်ပို့


စစ်တွေထောင်မှာထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကိုပြန်ပို့ဖို့ စီစဉ်နေစဉ် (ဧပြီ ၂၃၊ ၂၀၂၄)
စစ်တွေထောင်မှာထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကိုပြန်ပို့ဖို့ စီစဉ်နေစဉ် (ဧပြီ ၂၃၊ ၂၀၂၄)

ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့မှာ တနှစ်ကနေ သုံးနှစ်ကြာ အကျဉ်းချခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား စုစုပေါင်း ၁၇၃ ဦးဟာ ဧပြီလ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ပြန်လည်ရောက်ရှိသွားပြီလို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတွေက ပြောပါတယ်။

အမျိုးသမီး ၃ ဦးလည်းပါဝင်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို မြန်မာသင်္ဘော “ချင်းတွင်း” နဲ့ သယ်ဆောင်လာပြီး ကော့ဇ်ဘဇား Bankkhali မြစ် ဆိပ်ကမ်းမှာ လွှဲပြောင်းယူခဲ့တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးစစ်ဆေးပြီး ရာဇ၀တ်မှုစွဲချက်နဲ့ စွဲချက်တင်ခံရသူတွေကလွဲရင် ကျန်သူတွေကို လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေက မိသားစု ပြန်ပို့ပေးခဲ့တယ်လို့ ပြောပါတယ်။

“ချင်းတွင်း” သင်္ဘောနဲ့အတူ မြန်မာစစ်ကောင်စီရဲ့ ကိုယ်စားလှယ်အဖွဲ့တဖွဲ့လည်း လိုက်ပါလာတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာရေးပါတယ်။ အဲဒီအဖွဲ့ဟာ ရခိုင်ပြည်နယ်တိုက်ပွဲတွေမှာ စစ်ရှုံးလို့ နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၂၈၅ ဦးကိုထိန်းသိမ်းထားတဲ့ ဘန်ဒါဘန်မြို့က နိုင်ဆောင်ခရီကိုသွားခဲ့ပြီး သူတို့နဲ့အတူ စစ်တွေမြို့ကို ဗုဒ္ဓဟူးနေ့မှာပဲ တပါတည်း ပြန်ဖို့ စီစဥ်ထားပါတယ်။

ဒီ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မတ်လ ၁၁ ရက်နေ့ကတည်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ခိုလှုံနေတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက် အစောပိုင်းက ရခိုင်ပြည်နယ်အတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့တဲ့ မြန်မာနိုင်ငံသား ၃၃၀ ကိုတော့ မြန်မာနိုင်ငံဘက်ကို ပြန်ပို့ခဲ့ပြီး ဖြစ်ပါတယ်။

Forum

XS
SM
MD
LG