သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထွက်ပြေးလာတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ် ပြန်ပို့ဖို့စီစဉ်နေ


ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြား ထွက်ပြေးသွားခဲ့ကြတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်ပို့ဖို့ စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီသီတင်းပတ်ထဲ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၇၇ ယောက်ကို ပြန်လည်လွှဲပြောင်းပေးဖို့ မြန်မာအာဏာပိုင်တွေနဲ့ ဆက်သွယ် စီစဉ်နေကြောင်း နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud ကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံက သတင်းတွေက ဖော်ပြနေကြတာပါ။

မြန်မာ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေနဲ့အတူ ပါလာတဲ့ အရပ်သားတွေကိုတော့ အရင်ကလိုပဲ လက်မခံဘဲ ပြန်မောင်းထုတ်ခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာစစ်ကောင်စီကြား ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေရာက နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ တနင်္လာနေ့မှာပဲ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားခဲ့တာပါ။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာတုန်းကလည်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ အပါအဝင် လူပေါင်း ၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးသွားခဲ့ကြပြီး၊ နောက်ပိုင်းမှာ ၂ နိုင်ငံ အာဏာပိုင်တွေ ညှိနှိုင်းပြီး မြန်မာနိုင်ငံကို ပြန်ပို့ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG