သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ အာရှနိုင်ငံတွေမှာ အပူဒဏ် ပြင်းထန်


မြင့်မားတဲ့အပူချိန်အောက် သွားလာလှုပ်ရှားနေကြရတဲ့ ရန်ကုန်မြို့ခံတချို့ကို ဧပြီ ၂ ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။
မြင့်မားတဲ့အပူချိန်အောက် သွားလာလှုပ်ရှားနေကြရတဲ့ ရန်ကုန်မြို့ခံတချို့ကို ဧပြီ ၂ ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ အပူလှိုင်းဒဏ်ဖြတ်တဲ့ ဒဏ်ကို ခံစားနေကြရပါတယ်။ မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနိုင်ငံတွေကို ဖြတ်နေတဲ့ အပူလှိုင်းကြောင့် လွန်ကဲတဲ့ပူပြင်းမှုကို ခံစားနေကြရပြီး ဖိလစ်ပိုင်မှာဆိုရင် ကျောင်းတွေပိတ်ထားပါတယ်။ တချို့အတန်းတွေကိုတော့ အွန်လိုင်းကနေ သင်ကြားပေးနေရပါတယ်။

သမိုင်းစံချိန်တင်အောင် ပူပြင်းတဲ့ အပူလှိုင်းဖြစ်တယ်လို့ မိုးလေဝသပညာရှင်တွေက ပြောပါတယ်။ မကွေးမြို့မှာ ၄၅ ဒီဂရီစင်တီဂရိတ်၊ မန္တလေးမြို့မှာ ၄၃ စင်တီဂရိတ်၊ မုံရွာမြို့မှာ ၄၂ ဒီဂရီစင်တီဂရိတ်၊ ရန်ကုန်မြို့မှာ ၄၀ ဒီဂရီစင်တီဂရိတ် အပူချိန်တွေဖြစ်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီနေ့ သောကြာနေ့အတွက် ခန့်မှန်းချက်ထုတ်ပြန်ထားပါတယ်။ အပူလှိုင်းတိုက်ရိုက်ဖြတ်သွားတဲ့ မြန်မာနိုင်ငံအလယ်ပိုင်း မင်းဘူးမြို့၊ ထိုင်းနိုင်ငံတောင်ပိုင်းက Hat Yai မြို့၊ ဗီယက်နမ်အနောက်မြောက်ပိုင်းက Yên Châu တို့မှာ စံချိန်တင်အောင် အပူချိန်မြင့်တက်ခဲ့တယ်လို့ ကမ္ဘာတန်း လေထုအရည်အသွေးကို စောင့်ကြည့်တိုင်းတာနေတဲ့ IQAir ကဧပြီလ ၄ ရက်နေ့က ပြောပါတယ်။

မြင့်မားတဲ့အပူချိန်အောက် သွားလာလှုပ်ရှားနေတဲ့ ရန်ကုန်မြို့တွင်း အစားအသောက်ပို့ဆောင်သူတဦးကို ဧပြီ ၂ ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။
မြင့်မားတဲ့အပူချိန်အောက် သွားလာလှုပ်ရှားနေတဲ့ ရန်ကုန်မြို့တွင်း အစားအသောက်ပို့ဆောင်သူတဦးကို ဧပြီ ၂ ရက်နေ့က တွေ့ရတာဖြစ်ပါတယ်။

ဗီယက်နမ်နိုင်ငံကို ဖြတ်နေတဲ့ အပူလှိုင်းကြောင့် မဲခေါင်မြစ်ဝှမ်းဒေသမှာ လယ်သမားတွေအတွက် အတော်လေးခက်ခဲတဲ့ အခြေအနေတွေ ကြုံနေကြရတယ်လို့ ပြောပါတယ်။ Ho Chi Minh မြို့မှာလည်း နေ့လည်ပိုင်း အပြင်ထွက် အလုပ်လုပ်သူတွေ တော်တော်လေး အခက်ကြုံနေကြပါတယ်။

Forum

XS
SM
MD
LG