သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးဟောင်း  Julie Bishop ကို မြန်မာဆိုင်ရာ ကုလအထူးသံ ခန့်အပ်


သြစတြေးလျ  နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop ကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ် (AP Photo/Rod McGuirk)
သြစတြေးလျ  နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop ကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ် (AP Photo/Rod McGuirk)

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop ကို ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ခန့်အပ်လိုက်ကြောင်း ကုလအတွင်းရေးမှုးချုပ် António Guterres က ဧပြီလ ၅ ရက် ကြာသပတေးနေ့မှာ ကြေညာလိုက်ပါတယ်။

မစ္စဘီးရှောပ့်ဟာ ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း စင်္ကာပူနိုင်ငံသူ Noeleen Heyzer နေရာမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်။ သူဟာ သြစတြေးလျ လွှတ်တော်မှာ ၁၉ ၉ ၈ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိတာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး နိုင်ငံရေး၊ ဥပဒေရေးရာ၊ စီမံခန့်ခွဲမှုနဲ့ ဦးစီးဆောင်ရွက်မှုဆိုင်ရာ အတွေ့အကြုံ ရင့်ကျက်သူ တဦးဖြစ်ပါတယ်။ သြစတြေးလျ နိုင်ငံခြားရေးဌာနမှာ ၂၀၁၃ ကနေ ၂၀၁၈ အထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။ သူဟာ ပညာရေး၊ သိပ္ပံနဲ့ လေ့ကျင့်ရေးဆိုင်ရာ ကက်ဘိနက်ဝန်ကြီးတာဝန်အပြင် အမျိုးသမီးရေးရာဝန်ကြီးနဲ့ သက်ကြီးရေးရာ ဝန်ကြီး အဖြစ် သြစတြေးလျ ဝန်ကြီးချုပ် အတွက် တာဝန်ထမ်းဆောင် ခဲ့သူ ဖြစ်ပါတယ်။

မစ္စဘီးရှောပ့်ဟာ ဒေသတွင်းမိတ်ဆွေနိုင်ငံတွေနဲ့ ဆက်ဆံရေး ခိုင်မာအောင် ဆောင်ရွက်နိုင်သူ ဖြစ်သလို ကုလသမဂ္ဂရဲ့ ပထမဦးဆုံး ပင်လယ်ပြင်ဆိုင်ရာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်း သဘောတူညီချက် အပါအဝင် နိုင်ငံတကာ ညှိနှိုင်းမှုတွေကို ဦးဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

Noeleen Heyzer ဟာ မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် အဖြစ် လပေါင်း ၂၀ ကြာ တာဝန်ထမ်းဆောင် ခဲ့ပေမယ့် သူ့တာဝန်ချိန် မကုန်ဆုံးမီက မြန်မာနိုင်ငံမှာ ပဋိပက္ခ ဖြစ်နေတဲ့ စစ်တပ်နဲ့ အတိုက်အခံတွေကြား ဆွေးနွေးဖြေရှင်းနိုင်ရေးဟာ ခက်ခဲနေအုံးမယ်လို့ မှတ်ချက်ပြု ပြောကြားခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံ Adelaide တက္ကသိုလ် ဥပဒေဘွဲရ မစ္စဘီးရှော့ပ်ဟာ သြစတြေးလျ တက္ကသိုလ် ANU ရဲ့ အဓိပတိ တာဝန်ကို လက်ရှိထမ်းဆောင်နေသူ ဖြစ်ပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG