သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်ကောင်စီကိုဖိတ်ကြားမှု နယူးဇီလန်ရောက်မြန်မာ့အရေးလှုပ်ရှားသူတွေကန့်ကွက်


ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ဝယ်လင်တန်မှာ ကျင်းပမယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ခွင့်ပေးရင် နယူးဇီလန်အစိုးရသစ်ကို ပြုတ်ကျတဲ့အထိ ကန့်ကွက်မှုတွေကိုလုပ်သွားမယ်လို့ နယူးဇီလန်က မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။

စစ်ကောင်စီကိုယ်စားလှယ်ကို အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ ဖိတ်ကြားတာကို ကန့်ကွက်တဲ့ ဆန္ဒထုတ်ဖော်ပွဲတွေကို ဧပြီလ ၆ ရက် စနေနေ့မှာ နယူးဇီလန်ရဲ့ မြို့ကြီး နှစ်မြို့မှာ မြန်မာ့အရေး လှုပ်ရှားသူတွေ လုပ်ဆောင်ကြပါတယ်။ လာမယ့် ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်တွေမှာ ဝယ်လင်တန်မြို့တော်မှာ ကျင်းပမယ့် အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာမြန်မာစစ်ကောင်စီ ကိုယ်စားလှယ်ကို တက်ရောက်ခွင့်ပေးရင် လက်ရှိနယူးဇီလန်အစိုးရသစ်ကို ပြုတ်ကျတဲ့အထိ ကန့်ကွက်မှုတွေကို ဆက်လုပ်သွားမယ်လို့ နယူးဇီလန်နိုင်ငံမှာနေထိုင်နေတဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက ပြောပြပါမယ်။

Forum

XS
SM
MD
LG