သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"မြန်မာနိုင်ငံအတွက်လိုအပ်တဲ့ စာနာမှုအကူအညီ ဒေါ်လာ သန်း ၉၉၀ ရဲ့ ၄% သာ ရရှိသေး" - UNOCHA


၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရ
၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရ

၂၀၂၄ ခုနှစ် မြန်မာနိုင်ငံတဝန်း အတိဒုက္ခရောက်နေသူတွေအတွက် အရေးပေါ် လူသားချင်းစာနာမှု အကူအညီပေးဖို့ ဒေါ်လာ သန်းပေါင်း ၉၉၀ ကျော် တောင်းဆိုထားတဲ့ထဲက ၄ ရာခိုင်နှုန်းသာ အကူအညီရသေးတဲ့အကြောင်းနဲ့ ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်နိုင်တဲ့ အချိန်မတိုင်ခင် လူပေါင်း ၅ သန်း ၃ သိန်းအတွက် အရေးပေါ် အကူအညီတွေ ဖြည့်ဆည်းပေးဖို့ လိုတဲ့အကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင် ညှိနှိုင်းရေးမှူးရုံး UNOCHA ဒီနေ့ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ရက္ခိုင့်တပ်တော် AA အဖွဲ့နဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ပြင်းထန်နေပြီး အိုးမဲ့အိမ်မဲ့ ထွက်ပြေးနေရတဲ့ အရပ်သား ပြည်သူတွေ အများအပြား သောက်သုံးရေရှားပါးတဲ့ ဒုက္ခကို ရင်ဆိုင်နေရတဲ့အကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်နိုင်တဲ့ ရာသီမတိုင်ခင် အမိုးအကာတွေရဖို့ လိုသလို ကန့်သတ်ပိတ်ပင်မှုတွေကြား စားနပ်ရိက္ခာ ရှားပါးတဲ့ အခက်အခဲကိုလည်း ရင်ဆိုင်နေရတဲ့အကြောင်း UNOCHA အဖွဲ့က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ မတ်လ ၇ ရက် ကချင်လွတ်မြောက်ရေးအဖွဲ့ စစ်ဆင်ရေးအသစ် ဆင်နွှဲခဲ့တဲ့ နောက်ပိုင်း မြို့ ၁၀ မြို့ကနေ ထွက်ပြေးတဲ့ အိုးမဲ့အိမ်မဲ့ ၁၈,၀၀၀ ကျော် ရှိတဲ့အကြောင်းနဲ့ စစ်ကိုင်းတိုင်း ကလေးမြို့နယ်မှာလည်း ဖေဖေါ်ဝါရီလကုန် နောက်ပိုင်း PDF အဖွဲ့နဲ့ မြန်မာစစ်တပ်တိုက်ပွဲတွေကြားမှာ အိုးမဲ့အိမ်မဲ့ နေရပ်စွန့်ခွာသူ နှစ်သောင်းရှစ်ထောင်လောက် ရှိနေပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေသူ တခါမှ မကြုံဖူးတဲ့ ၂ သန်း ၈ သိန်းအထိ တိုးလာနေပြီး အဲဒီထဲက ၂ သန်း ၅ သိန်းဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နေရပ်စွန့်ခွာသူတွေ ဖြစ်တယ်လို့လည်း UNOCHA ရဲ့ အစီရင်ခံစာမှာ ဖေါ်ပြပါတယ်။

Forum

XS
SM
MD
LG