သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမှောင်ခိုသမား စွန့်ပစ်သွားတဲ့ တရားမဝင် မြန်မာ တရာကျော် ထိုင်းရဲဖမ်းဆီး


လူမှောင်ခိုသမား စွန့်ပစ်သွားတဲ့ တရားမဝင် မြန်မာ တရာကျော် ထိုင်းရဲဖမ်းဆီးစဥ် (photo: Thai Police)
လူမှောင်ခိုသမား စွန့်ပစ်သွားတဲ့ တရားမဝင် မြန်မာ တရာကျော် ထိုင်းရဲဖမ်းဆီးစဥ် (photo: Thai Police)



ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထောင်းဖာပူးမြို့နယ်အတွင်းက နေအိမ်တလုံးကို လုံခြု့ရေးတပ်ဖဲွ့က ဝင်ရောက် စစ်ဆေးရာမှာ လူကုန်ကူးသူတွေ ခေါ်လာတဲ့ တရားမဝင် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို ဧပြီလ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ထောင်းဖာပူးမြို့နယ်အတွင်းက နေအိမ်တလုံးမှာ လူတွေ အစုလိုက်အပြုံလိုက် တည်းခိုနေတာကို ဒေသခံကျေးရွာသားတွေက တွေ့ရှိခဲ့ပြီးနောက် လုံခြု့ရေးအဖဲွ့တွေကို တိုင်ကြားခဲ့တာပါ။ ဒီအတွက် လုံခြုံရေးအဖဲွ့တွေက ဧပြီလ ၄ ရက်နေ့က အိမ်ပျက်တလုံးကို ဝင်ရောက် စစ်ဆေးရာမှာ တရားမဝင် မြန်မာ ၁၂၀ ကျော်ကို တွေ့ရှိခဲ့တာဖြစ်တယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ဦးမိုးကြိုးက ပြောပါတယ်။

လူမှောင်ခိုသမား စွန့်ပစ်သွားတဲ့ တရားမဝင် မြန်မာ တရာကျော် ထိုင်းရဲဖမ်းဆီးစဥ် (photo: Thai Police)
လူမှောင်ခိုသမား စွန့်ပစ်သွားတဲ့ တရားမဝင် မြန်မာ တရာကျော် ထိုင်းရဲဖမ်းဆီးစဥ် (photo: Thai Police)

" ဧပြီလ ၄ ရက်နေ့မှာ ဖမ်းမိတာက ၁၂၃ ဦးပါ ကန်ချနဘူရီခရိုင်ထဲမှာပါ၊ အမျိုးသား ၉၄ ဦး၊ အမျိုးသမီး ၂၉ ဦး ဖမ်းမိတာပါ ၊ စုစုပေါင်း ၁၂၃ ဦးပါ။ ထိုင်းနိုင်ငံရဲ့လုပ်အားခကောင်းတဲ့ဘန်ကောက်ပတ်ဝန်းကျင်မှာအလုပ်လုပ်ဖို့အတွက်ပဲွစားကခေါ်လာတာပါ၊လူမနေတဲ့ အိမ်ပျက်တလုံးမှာ ရွာက အစုလိုက်အပြုံလိုက်ထားတဲ့အချိန်မှာ ကျေးရွာသားတွေကမင်္သကာလို့ မသင်္ကာစရာ လူအများအပြား တွေ့တယ်ဆိုပြီး ဒေသဆိုင်ရာ လုံခြုံရေးတပ်ဖဲွ့တွေကို အကြောင်းကြားလို့ အဲဒါကြောင့် လုံခြုံရေးတပ်ဖဲွ့တွေက ဖမ်းဆီးလိုက်တာပါ။"

ထိုင်းတောင်ပိုင်းမြို့နယ် ၃ ခုလောက်မှာ ဒီရက်ထဲမှာပဲ ဖမ်းမိတဲ့ တရားမဝင် မြန်မာအရေအတွက် ၂၀၀ ကျော်သွားပြီဖြစ်သလို ဖမ်းမိသူတွေဟာ အစုလိုက်အပြုံလိုက် ဖမ်းမိနေတာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံက စစ်မှုထမ်းဥပဒေကြောင့် လူငယ်လူရွယ်တွေဟာ တရားမဝင် လမ်းတွေကနေ ပို ထွက်ပြေးလာနေကြပြီး ရရာအလုပ်လုပ်ဖို့အတွက် ထိုင်းကို ထွက်ပြေးလာနေကြတာပါ။ တချို့ မြန်မာတွေဟာ တရားမဝင် လမ်းတွေကနေ လာရင်းနဲ့ ကားတိမ်းမှောက်တာတွေ ဖြစ်ခဲ့ကြရတယ်လို့လည်း အလုပ်သမားရေးလှုပ်ရှားသူ ကိုရဲမင်းက ပြောပါတယ်။

လူမှောင်ခိုသမား စွန့်ပစ်သွားတဲ့ တရားမဝင် မြန်မာ တရာကျော် ထိုင်းရဲဖမ်းဆီးစဥ် (photo: Thai Police)
လူမှောင်ခိုသမား စွန့်ပစ်သွားတဲ့ တရားမဝင် မြန်မာ တရာကျော် ထိုင်းရဲဖမ်းဆီးစဥ် (photo: Thai Police)

" တရားမဝင် လမ်းတွေက ဝင်တဲ့အခါမှာ ပစ်ကပ် ကားတွေနဲ့ ကျပ်ညှပ်ပြီး တင်တယ် ဂိတ်တွေကစစ်ဆေးတဲ့အခါမှာ အဝေးပြေးလမ်းကလှည့်ကင်းကားတွေကစစ်ဆေးတော့ သူတို့က ထွက်ပြေးတယ် အဲဒီတော့အစုလိုက်အပြုံလိုက်သေတာ ထိခိုက်ဒဏ်ရာတွေ အများအပြား ရတာရှိတယ်။ တရားမဝင်လမ်းက ဝင်တာကိုက ဝင်ကတည်းကပဲ အသက်အန္တရာယ်ရင်းပြီး ဝင်လာကြတာဖြစ်တယ်၊ ဒီထဲရောက်တော့ ရတဲ့အလုပ် ကျတော့လည်း တရားမဝင်ဘူးဆိုတော့ မတရား ခိုင်းစေခံရတယ်၊ နောက်ဆုံး အလုပ်မရှိ ဟိုပြောင်းဒီပြောင်းနဲ့ ဘ၀တွေပျက်တာတွေ အများကြီးရှိတယ် အဲဒါတွေကိုလည်း သတိပေးချင်တယ်။"

ဒီလို အခက်အခဲတွေ ရှိနေပေမယ့်လည်း တရားဝင် နယ်စပ်ဂိတ်တွေကလည်း မြန်မာလူငယ်တွေ လာနေကြသလို မြန်မာဘက်ကကော ထိုင်းဘက်ကပါ တင်းကျပ်မှုတွေကြောင့် တရားမဝင် လမ်းတွေကလည်း မြန်မာတွေ လာနေကြပြီး များသောအားဖြင့် အသက် ၂၀ ကျော် လူငယ်တွေ အများဆုံး လာနေကြပါတယ်ရှင်။

Forum

XS
SM
MD
LG