သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေး


ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတခု
ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးတခု

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ နယူးယောက်မြို့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးနေကြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးအကြိမ် တံခါးဖွင့်ဆွေးနွေးနေတာဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေတဲ့အတွက် အရပ်သားတွေ ထိခိုက်နေတဲ့ ကိစ္စ၊ ရိုဟင်ဂျာတွေ ဖိနှိပ်ခံနေရတဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ယိုယွင်းလာတဲ့အခြေအနေတွေကို မြန်မာပြည်သူတွေခံစားနေကြရတဲ့ အခြေအနေနဲ့ လူသားချင်းစာနာတဲ့အကူအညီတွေလိုအပ်နေတဲ့အကြောင်းကိုလည်း ဂျပန်နိုင်ငံက ဆွေးနွေးခဲ့ပါတယ်။

အသက်ပြည့်ပြီးသူတွေ မဖြစ်မနေ စစ်ထဲဝင်ရမယ့်ဥပဒေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လူမှုအသိုင်းအဝိုင်းတွေအပေါ် ထိခိုက်မှုတွေဖြစ်လာနိုင်တဲ့ အခြေအနေတွေ၊ ကူညီထောက်ပံ့ရေးလုပ်ငန်းတွေ ထိခိုက်နေတဲ့ ကိစ္စတွေလည်းပါဝင်မယ်လို့ လုံခြုံရေးကောင်စီသတင်းမှာ ဖော်ပြထားပါတယ်။

စစ်တပ်ဘက်က အရပ်သား ပြည်သူတွေအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်နိုင်အောင် လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့မှု ပိတ်ဆို့ ဖြတ်တောက်နိုင်အောင် မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုနေချိန်မှာ လုံခြုံရေးကောင်စီမှာ တခါးဖွင့် ဆွေးနွေးနေတာပါ။ အခုနှစ် ဖေဖော်ဝါရီလတုန်းက တံခါးပိတ်ဆွေးနွေးခဲ့စဉ်ကတော့ အရပ်သားတွေပါထိခိုက်အောင် စစ်တပ်က လေကြောင်းကနေ မဆင်မခြင်တိုက်ခိုက်နေမှုအပေါ် လုံခြုံရေးကောင်စီအဖွဲ့ဝင် ၉ နိုင်ငံက အပြစ်တင်ပြောကြားခဲ့ကြပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ မကြာခင် ဆုံးဖြတ်ချက်ချမယ်လို့လည်း မျှော်လင့်ရပါတယ်။ မြန်မာနိုင်ငံအတွက် လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ဗြိတိန်နိုင်ငံက ရေးဆွဲထားတယ်လို့ သံတမန်အသိုင်းအဝိုင်းကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG