သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်တလျှောက် တရုတ်စစ်တပ်လုံခြုံရေးအဆင့်တိုးမြှင့်သတ်မှတ်


တရုတ်မြန်မာနယ်စပ်၊ ကိုးကန့်ဒေသအနီးက တရုတ်အလံများတွေ့ရစဥ်၊ မတ် ၂၄၊ ၂၀၁၅။
တရုတ်မြန်မာနယ်စပ်၊ ကိုးကန့်ဒေသအနီးက တရုတ်အလံများတွေ့ရစဥ်၊ မတ် ၂၄၊ ၂၀၁၅။

အိမ်နီးချင်း မြန်မာနိုင်ငံ့မြောက်ပိုင်းမှာ ဖြစ်ပွါးနေတဲ့ စစ်ပွဲဟာ တရုတ်- မြန်မာ ၂ နိုင်ငံစလုံးရဲ့ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို သိသိသာသာ ခြိမ်းခြောက်နေသလို ၂ ဖက် ဒေသခံတွေ အတွက်လည်း အန္တရာယ်ရှိတယ်လို့ တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ် PLA က ပြောပါတယ်။

တရုတ်စစ်တပ် PLA ဟာ ဒီသီတင်းပတ်ထဲမှာပဲ မြန်မာနဲ့ကပ်ရက် ယူနန်ပြည်နယ်ထဲမှာကျည်အစစ်တွေနဲ့ စစ်ရေးလေ့ကျင့်ခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ ဒုတိယ အကြိမ်လေ့ကျင့်တာပါ။ လေ့ကျင့်မှု အပြီးမှာတော့ PLA ကတရုတ်- မြန်မာနယ်စပ် တလျှောက် ထိန်းချုပ်ထားပြီးလုံခြုံရေး ကင်းလှည့်နေသလို ဒေသတွင်း သတိပေးချက်ကိုပါ အမြင့်ဆုံးအဆင့် ထုတ်ပြန်ထားတယ်လို့လည်းပြောပါတယ်။ တကယ်လို့ နိုင်ငံအချုပ်အခြာအာဏာနဲ့ ပြည်သူတွေရဲ့ လုံခြုံရေးကို ထိပါးလာမယ်ဆိုရင် သင့်တော်တဲ့အရေးယူဆောင်ရွက်မှုတွေလုပ်မှာဖြစ်ကြောင်းလည်း PLA သတင်းမှာ ဖေါ်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကိုတော်လှန်နေတဲ့ ပြည်သူတွေနဲ့ အရင်ကတည်းကလက်နက်ကိုင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား အဖွဲ့တွေပူးပေါင်းပြီး စစ်ကောင်စီနဲ့တိုက်ခိုက်မှုတွေပြင်းထန်လာနေ သလို တောင်သူလယ်သမားတွေကလည်း ဘိန်းစိုက်ပျိုးမှုတိုးလာတာကြောင့် တရုတ်ကနယ်စပ်လုံခြုံရေး အတွက် စိုးရိမ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့တာပါ။

မြန်မာမှာ စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ပထမဆုံးအကြိမ်အဖြစ် တရုတ်က မနှစ်ကနိုဝင်ဘာနဲ့ အခု ၅လ အကြာ ဧပြီမှာကျည်အစစ်တွေနဲ့ စစ်ရေး လေ့ကျင့်တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အပစ်အခတ် ရပ်စဲဖို့နဲ့ သက်ဆိုင်တဲ့ အဖွဲ့တွေ ဆွေးနွေးညှိနှိုင်းဖို့ တရုတ်က အကြိမ်ကြိမ် တောင်းဆိုခဲ့တာပါ။ ဒါဟာ လုံခြုံရေးအပြင်နယ်စပ်မတည်ငြိမ်မှုကြောင့် ကုန်သွယ်ရေး ထိခိုက်နေတာအတွက် စိုးရိမ်တာကြောင့်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG