သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၈၀ ကို ဘင်္ဂလားဒေ့ရှ် ပြန်ပို့မည်


ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)
ဘင်္ဂလားဒေ့ရှ် ထွက်ပြေးသွားတဲ့ မြန်မာတပ်ဖွဲ့ဝင် ၃၀၀ ကျော် ရေကြောင်းက ပြန်ပို့နေစဉ် (ဖေဖော်ဝါရီ ၁၅၊ ၂၀၂၄)

ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင် ၁၈၀ ကို မြန်မာနိုင်ငံ ပြန်ပို့ဖို့ စီစဉ်နေကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ယောက်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် ၁၇၇ ယောက်ကို နေရပ်ပြန်ပို့ပြီး၊ မြန်မာနိုင်ငံထဲမှာ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကို ပြန်ခေါ်မယ်လို့လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောခဲ့တာပါ။

ရေကြောင်းကနေ နေရပ်ပြန်ပို့ဖို့ ဒီသီတင်းပတ်ထဲ စီစဉ်ထားပေမဲ့ ရာသီဥတု မကောင်းသေးတာကြောင့် ရွှေ့ဆိုင်းထားရတယ်လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော် (AA) နဲ့ တိုက်ပွဲတွေ ပြင်းထန်လာရာက မကြာသေးခင်လတွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေနဲ့ နေရပ်ပြန်ပို့မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG