သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွယ်ဂျယ်မြို့ စစ်ကောင်စီအုပ်ချုပ်ရေးရပ်ဆိုင်း


စစ်ကောင်စီ ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဆင်ရေး၊ ဆွမ်ပရာဘွမ်မြို့အနီး (ဓါတ်ပုံ -- MOMNO News Media USA - Thomas Mung Guite)
စစ်ကောင်စီ ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဆင်ရေး၊ ဆွမ်ပရာဘွမ်မြို့အနီး (ဓါတ်ပုံ -- MOMNO News Media USA - Thomas Mung Guite)

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်မြို့ ပတ်ပတ်လည်ကို KIA ကချင်လွတ်လပ်ရေးတပ်က ဝိုင်းရံပိတ်ဆို့ထားတာကြောင့်၊ လွယ်ဂျယ်မြို့တွင်း စစ်ကောင်စီအုပ်ချုပ်ရေးယန္တယားအားလုံး ရပ်တန့်နေတယ်လို့ ဒေသခံသတင်းတွေအရသိရပါတယ်။

မတ်လ ၂ ရက်နေ့ကတော့ လွယ်ဂျယ်မြို့ ရဲစခန်းကို KIA က ဝင်ရောက်သိမ်းယူထိန်းချုပ်ခဲ့တယ်လို့သိရပါတယ်။ လွယ်ဂျယ်မြို့ခံ စစ်ကောင်စီတပ်စခန်းကတော့ ရှိနေဆဲဖြစ်ပြီး၊ KIA ဖက်က တိုက်ခိုက်တာမျိူုးမရှိသေးပါဘူး။ မတ်လ ၇ ရက်နေ့က စတင်တဲ့ KIA စစ်ဆင်ရေးမှာ KIA ဌာနချုပ် လိုင်ဇာမြို့အနီးက စစ်ကောင်စီရဲ့ စခန်းကြီးငယ် ၄၀ ကျော်ကို သိမ်းယူခဲ့တယ်လို့ KIA ဖက်က ထုတ်ပြန်ထားပါတယ်။

လတ်တလောအားဖြင့်ဆိုရင် မိုးမောက်-လွယ်ဂျယ် ကားလမ်းတလျှောက် စစ်ကောင်စီစခန်းအားလုံးကို KIA က သိမ်းယူထားလိုက်သလို၊ ဗန်မော်မြို့ကိုလည်း KIA တပ်တွေ ဝိုင်းပတ်ထားတဲ့အနေအထားမှာ ရောက်နေပါတယ်။

လွယ်ဂျယ် ရဲစခန်းကို KIA ကသိမ်းယူလိုက်တယ်ဆိုတဲ့နေ့မှာပဲ၊ လွယ်ဂျယ်မြို့နဲ့ကပ်နေတဲ့ တရုတ်-မြန်မာနယ်စပ်ဒေသမှာ တရုတ်စစ်တပ်က နှစ်ရက်ကြာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်နေပါတယ်။ လွယ်ဂျယ်ရဲစခန်းသိမ်းယူတယ်ဆိုတာနဲ့ပတ်သက်လို့ KIA ဖက်က သတင်းထုတ်ပြန်တာမျိုးမရှိပါဘူး။ မြန်မာစစ်ကောင်စီဖက်ကလည်း လွယ်ဂျယ်မြို့အခြေအနေနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုတာမျိုးမရှိသေးပါဘူး။

Forum

XS
SM
MD
LG