သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကိုယ်စားလှယ် ဖိတ်ကြားတဲ့ နယူးဇီလန်ကို မြန်မာ့အရေးလှုပ်ရှားသူတွေ ကန့်ကွက်


သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးကို သြစတြေးလျရောက်မြန်မာများ ဆန္ဒထုတ်ဖော်နေကြစဉ် (မတ် ၄၊ ၂၀၂၄)
သြစတြေးလျနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံအစည်းအဝေးကို သြစတြေးလျရောက်မြန်မာများ ဆန္ဒထုတ်ဖော်နေကြစဉ် (မတ် ၄၊ ၂၀၂၄)

နယူးဇီလန်နိုင်ငံ Wellington မြို့မှာ လာမယ့် ဧပြီလ ၁၈ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ ကျင်းပတဲ့ အာဆီယံ-နယူးဇီလန် အစည်းအဝေးမှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ဖို့ ဖိတ်ကြားထားတဲ့အတွက် မြန်မာအရေး လှုပ်ရှားသူတွေ နယူးဇီလန်အစိုးရကို ကန့်ကွက်နေကြပါတယ်။ ဒါဟာ မြန်မာအရာရှိတွေ နယူးဇီလန်နိုင်ငံကို လာခွင့် ပြည်ဝင်ခွင့်ဗီဇာ ပိတ်လိုက်ပြီး တနှစ်မပြည့်ခင်မှာ အခုလို စစ်ကောင်စီကိုယ်စားလှယ်ကို ဖိတ်ကြားတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေနဲ့ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကြောင့် ဒေသတွင်း အရေးပါတဲ့ ထိပ်သီး စည်းဝေးပွဲတွေမှာ စစ်ကောင်စီကို နိုင်ငံရေးအရ ကိုယ်စားပြုတဲ့ကိုယ်စားလှယ်ကို ဖိတ်ကြားခြင်းမပြုဖို့ အာဆီယံအဖွဲ့က ဆုံးဖြတ်ထားတာပါ။ မြန်မာစစ်ကောင်စီဘက်က အလယ်အလတ်အဆင့် အရာရှိတယောက်ကို ဖိတ်ကြားဖို့ နယူးဇီလန်နိုင်ငံက ဆုံးဖြတ်ထားတဲ့အတွက် ဒါဟာ စစ်ကောင်စီကို အသိအမှတ်ပြုတာဆိုပြီး မြန်မာ့အရေး လှုပ်ရှားသူတွေက ကန့်ကွက်နေကြတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ စစ်ကောင်စီနဲ့ ပူးတွဲ ကမကထ ကျင်းပတဲ့ အစည်းအဝေးတွေကို နယူးဇီလန်နိုင်ငံက သပိတ်မှောက်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ မေလက စစ်ကောင်စီ အရာရှိတွေ၊ သံတမန်တွေ လေ့လာရေး လာရောက်မယ့်အစီအစဉ်ကိုလည်း ပိတ်ပင်ဟန့်တားခဲ့ဖူးပါတယ်။ အခုလို စစ်ကောင်စီ ကိုယ်စားလှယ်ကို အာဆီယံ နယူးဇီလန် အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားတာဟာ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို ပြောင်းလဲတာ မဟုတ်တဲ့အကြောင်း မနေ့က ခုခံပြောဆိုတာကို နယူးဇီလန် ဝန်ကြီးချုပ် Christopher Luxon က နယူးဇီလန်နိုင်ငံ Newsroom သတင်းမှာ ရေးသားထားပါတယ်။

နယူးဇီလန်ဟာ အာဆီယံအဖွဲ့ဝင် မဟုတ်တဲ့အတွက် အာဆီယံဘက်က အဆိုပြုလာတဲ့ လိုလားတဲ့ ပုံစံအတိုင်း စီစဉ်ဆောင်ရွက်တာဖြစ်ပြီး အလယ်အလတ်အရာရှိတွေ တွေ့ဆုံမယ့် အစည်းအဝေး ဖြစ်တယ်လို့လည်း နယူးဇီလန်ဝန်ကြီးချုပ်က ပြောဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG