သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လုံခြုံရေးကောင်စီ ဆွေးနွေးပေးဖို့ တက်ကြွလှုပ်ရှားသူတွေ တောင်းဆို


 ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)
ရိုဟင်ဂျာတွေကို စစ်သင်တန်းပေးနေကြောင်း ပျံ့နှံ့နေသည့် ဓာတ်ပုံ (မတ် ၂၀၂၄)

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေးကို ကိုင်တွယ်ဆွေးနွေးနေတဲ့ ဗြိတိန်အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အကျပ်အတည်းတွေနဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုတွေကို ဖြေရှင်းနိုင်ဖို့ အရေးပေါ်အစည်းအဝေးခေါ်ယူသင့်ကြောင်း မြန်မာရိုဟင်ဂျာအဖွဲ့ UK (BROUK) က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

လက်တလော ရခိုင်ပြည်နယ်အတွင်းမှာ ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနေသလို၊ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေတွေကြောင့် ရိုဟင်ဂျာတွေအပေါ် ပစ်မှတ်ထားကာ အတင်းအကျပ် စစ်သားစုဆောင်းတာမျိုးတွေ လုပ်နေတဲ့အတွက် အခုလို သတိပေးချက် ထုတ်ပြန်ရတာ ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအတွက် နိုင်ငံတကာ တရားမျှတမှုဆိုင်ရာ တရားရုံးကချမှတ်ထားတဲ့ ယာယီအစီအမံတွေ ကိုလည်း ချက်ခြင်း အကောင်အထည်ဖော်ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို BROUK အဖွဲ့က တိုက်တွန်းထားပါသေးတယ်။

မြန်မာရိုဟင်ဂျာအဖွဲ့ UK ဥက္ကဋ္ဌ ဦးထွန်းခင်ကလည်း စစ်ကောင်စီက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး အတင်းအကျပ် စစ်သားစုဆောင်းနေကြောင်းနဲ့ ရခိုင်မှာ ရိုဟင်ဂျာတွေကို သွားလာမှု ကန့်သတ်ထားတဲ့အတွက် ထွက်ပြေးဖို့မလွယ်ဘူးလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

မကြာသေးခင်ကပဲ ရိုဟင်ဂျာလူငယ် ၁၀၀ ခန့်ဟာ မြန်မာစစ်ကောင်စီရဲ့ အတင်းအကျပ် စစ်သားစုဆောင်းတာကို ခံခဲ့ရပြီး၊ တချို့ကတော့ ရှေ့တန်းစစ်မျက်နှာကို ပို့ဆောင်တာ ခံနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ အင်တာနက်အပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းတွေ ဖြတ်တောက်ထားတဲ့အတွက် ဒါဇင်နဲ့ချီပြီး သေဆုံးလာမှာကိုလည်း စိုးရိမ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG