သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်အခြေအနေ အနီးကပ်စောင့်ကြည့်နေ (ထိုင်းဝန်ကြီးချုပ်)


ထိုင်းဝန်ကြီးချုပ် Srettha Thavisin
ထိုင်းဝန်ကြီးချုပ် Srettha Thavisin

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့မှာ တိုက်ပွဲတွေဖြစ်ပေါ်ပြီး ထိုင်းဘက်ကို မြန်မာနိုင်ငံသားတွေ ထွက်ပြေးခိုလှုံလာနေစဉ်မှာဘဲ မြန်မာထဲက အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေကြောင်း နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon နဲ့ ဒီကနေ့ တွေ့ဆုံစဉ် ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားလိုက်ပါတယ်။

“ထိုင်း-မြန်မာနယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ အထူးသဖြင့် မဲဆောက်မြို့ရဲ့ တခြားတဘက်မှာ မြဝတီမြို့မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို ထိုင်းနိုင်ငံက အနီးကပ် စောင့်ကြည့်နေတယ်ဆိုတာ ဝန်ကြီးချုပ် Luxon ကို ကျနော် ပြောပြခဲ့ပါတယ်။ နယ်စပ်မှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ မြန်မာနိုင်ငံသားတွေကို စာနာမှုအကူအညီပေးနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်မှုတွေကိုလည်း ထိုင်းဘက်က လုပ်ဆောင်ထားပါတယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ အာဆီယံ ဘုံသဘောတူညီချက်နဲ့အညီ မြန်မာပဋိပက္ခမှာ ပါဝင် ပတ်သက်သူအားလုံးအနေနဲ့ တွေ့ဆုံ ဆွေးနွေးတဲ့ နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ အဖြေရှာကြဖို့ ကျနော်တို့ တိုက်တွန်းပါတယ်” - လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောသွားတာပါ။

ဝန်ကြီးချုပ်ရာထူးယူပြီးတဲ့နောက် ပထမဆုံး အရှေ့တောင်အာရှခရီးစဉ်အဖြစ် ထိုင်းနိုင်ငံကို ရောက်ရှိလာတဲ့ နယူးဇီလန်ဝန်ကြီးချုပ်နဲ့ ထိုင်းဝန်ကြီးချုပ်တို့ ဧပြီလ ၁၇ ရက် ဒီကနေ့ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ကြတာပါ။ ဒါဟာ နယူးဇီလန်ဝန်ကြီးချုပ်တဦးအနေနဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံကို ပထမဆုံးအကြိမ် ရောက်လာတာလည်း ဖြစ်ပါတယ်။

နယူးဇီလန်နိုင်ငံဟာ မကြာခင် ရက်ပိုင်းအတွင်း နယူးဇီလန်-အာဆီယံ စည်းဝေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ရှိနေပါတယ်။ ဒီစည်းဝေးပွဲကို မြန်မာစစ်ကောင်စီကိုယ်စားလှယ် ဖိတ်ကြားခဲ့တာနဲ့ပတ်သတ်လို့ မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေကလည်း နယူးဇီလန်ဗဟိုတရားရုံးမှာ တိုင်ကြားချက်ဖွင့်ပြီး ကန့်ကွက်နေကြပါတယ်။ အခုချိန်ထိတော့ မြန်မာစစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကို နယူးဇီလန်က ပြည်ဝင်ခွင့်ဗီဇာထုတ်ပေးဖို့ ဆိုင်းငံ့ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG