သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြား ဘူးသီးတောင်အခြေစိုက် MSF ရုံး မီးလောင်ပျက်စီး


ဘူးသီးတောင်ရုံးခန်းမီးလောင်ပျက်စီးခဲ့ကြောင်း နယ်စည်းမခြားဆရာဝန်များ အသင်း (MSF) ကထုတ်ပြန်ခဲ့သည့်ဓာတ်ပုံ (ဧပြီ ၁၇၊ ၂၀၂၄)
ဘူးသီးတောင်ရုံးခန်းမီးလောင်ပျက်စီးခဲ့ကြောင်း နယ်စည်းမခြားဆရာဝန်များ အသင်း (MSF) ကထုတ်ပြန်ခဲ့သည့်ဓာတ်ပုံ (ဧပြီ ၁၇၊ ၂၀၂၄)

လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်မှာ ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားဆရာဝန်များ အသင်း (MSF) ရဲ့ ရုံးခန်းနဲ့ ဆေးခန်း မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

ဧပြီလ ၁၅ ရက်နေ့က မီးလောင်မှုကြောင့် ဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ပေမဲ့ ဆေးပစ္စည်းနဲ့ ရုံးသုံးပစ္စည်းတွေ အားလုံး ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ အင်္ဂါနေ့က ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါ့အပြင် ပဋိဇီဝဆေးတွေနဲ့ အသက် ၅ နှစ်အောက်ကလေးတွေကို ထိုးပေးတဲ့ ကာကွယ်ဆေးတွေလည်း မီးလောင်မှုကြောင့် ပျက်ဆီးရတဲ့အထဲမှာ ပါဝင်သွားပါတယ်။

ပြီးခဲ့တဲ့ သောကြာနေကစပြီး ဘူးသီးတောင်မြို့မှာ တိုက်ပွဲတွေပြင်းထန်လာသလို၊ လူနေအိမ် ၂၀၀ လောက်မီးရှို့ခံခဲ့ရသလို ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ MSF ရုံးခန်းရှိရာကို ထွက်ပြေးခဲ့ကြပြီးတဲ့နောက်၊ အခုလို ရုံးခန်းနဲ့ ဆေးရုံ မီးရှို့ခံရတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေအရ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ သူတွေနဲ့ ဆေးဘက်ဆိုင်ရာ အဆောက်အအုံတွေကို သက်ဆိုင်ရာ အဖွဲ့အစည်းတွေက အကာအကွယ်ပေးကြဖို့လည်း တိုက်တွန်းထားတာပါ။

ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေတဲ့ ဘူးသီးတောင် ဒေသခံတွေအတွက် ဆေးဝါးအပါအဝင် ထောက်ပံ့ရေး ပစ္စည်းတွေအပါအဝင် ပျက်ဆီးသွားတဲ့ရုံးခန်း ပြန်လည်တည်ဆောက်ရေးအတွက် အကူအညီပေးဖို့လည်း သက်ဆိုင်ရာ အဖွဲ့အစည်းတွေ၊ အာဏာပိုင်တွေကို တောင်းခံခဲ့ပါတယ်။

Forum

XS
SM
MD
LG