သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကျဉ်းသား ၃,၃၀၀ ကျော် နှစ်ဆန်းလွတ်ငြိမ်းခွင့် ပေးမည်


ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၃)
ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ရှေ့မြင်ကွင်း (ဩဂုတ် ၁၊ ၂၀၂၃)


အကျဉ်းသား ၃,၃၀၀ ကျော် နှစ်ဆန်းလွတ်ငြိမ်းခွင့် ပေးမည်


ဒီကနေ့ မြန်မာနှစ်ဆန်းတရက်နေ့ ဧပြီ ၁၇ ရက်နေ့မှာ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ အကျဉ်းထောင်တွေကနေ အကျဉ်းသား ၃,၃၀၀ ကျော် လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာပါတယ်။ အကျဉ်းထောင်၊ အချုပ်ထောင်နဲ့ အကျဉ်းစခန်းအသီးသီးမှာရှိတဲ့ ပြစ်ဒဏ်ကျအကျဉ်းသား ၃,၃၀၃ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးပြီး နိုင်ငံခြားသားအကျဉ်းသား ၃၆ ဦးကိုလည်း ပြည်နှင်ဒဏ်ပေးမယ်လို့ ထုတ်ပြန်ပါတယ်။

၂၀၂၄ ဧပြီ ၁၇ မတိုင်ခင် အမိန့်ချမှတ်ခံထားရတဲ့လက်နက်မှု၊ အဂတိမှု၊ ဖောက်ခွဲမှု၊ သဘာ၀ဘေးအမှု၊ မတရားအသင်းမှု စတဲ့ပြဌာန်းပုဒ်မ ၁၃ ခုနဲ့အကျုံးဝင်တဲ့ ပြစ်ဒဏ်ချခံထားရသူတွေကို ပြစ်ဒဏ်ရဲ့ ၆ ပုံ ၁ ပုံလျှော့ချပေးလိုက်တယ်လို့ စစ်ကောင်စီကကြေညာပါတယ်။

လွတ်ငြိမ်းခွင့်ပြုတဲ့အကျဉ်းသားတွေကို "နောက်တကြိမ်ပြစ်မှုကျူးလွန်ခဲ့ရင် ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိတဲ့ပြစ်ဒဏ်ကိုပါ ဆက်လက်ကျခံရမယ်" ဆိုတဲ့ ခံဝန်ကတိနဲ့ လွှတ်ပေးခဲ့တာပါ။ အခုပြန်လွှတ်မယ့်အထဲ နိုင်ငံရေးပုဒ်မတွေနဲ့ကျခံနေရတဲ့ အကျဉ်းသားတွေ ပါ မပါတော့ မသိရှိရသေးပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖမ်းဆီးခံထားရသူ အကျဉ်းသား ၂၆,၀၀၀ ကျော်ရှိပြီး အဲဒီအထဲက ၆,၂၀၀ နီးပါး ပြန်လွတ်လာခဲ့ပါတယ်။ အကျဉ်းသားတွေ လွတ်မြောက်လာမယ့် နောက်ဆုံးရ အချက်အလက်တွေကို ထပ်မံတင်ပြပေးသွားပါမယ်။

Forum

XS
SM
MD
LG