သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှု သင်္ကြန်မှာလည်း မရပ်နား


ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီဘက်က လက်နက်ကိုင်တပ်ဖွဲ့တွေဆီက သိမ်းဆည်းရတဲ့ စစ်လက်နက်ပစ္စည်းများ။ (Photo: ဗိုလ်အိုင်စီ၊ ဆားလင်းကြီး PDF)
ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက စစ်ကောင်စီဘက်က လက်နက်ကိုင်တပ်ဖွဲ့တွေဆီက သိမ်းဆည်းရတဲ့ စစ်လက်နက်ပစ္စည်းများ။ (Photo: ဗိုလ်အိုင်စီ၊ ဆားလင်းကြီး PDF)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ လက်နက်ကြီးထိမှန်ပြီး ရွာသားတဦး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲမရှိပေမယ့် သင်္ကြန် ကာလဖြစ်ပေမယ့် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ပစ်ခတ်နေတယ်လို့ ပြောပါတယ်။ ဒီသတင်းကို နန်းလောဝ် ကတင်ပြပေးထားပါတယ်။

ဆားလင်းကြီးမြို့နယ်၊ ရွာရှည်ကျေးရွာအုပ်စုက ကူးတို့ကုန်းရွာမှာ ဒေသခံတဦး လက်နက်ကြီးထိမှန်ပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဧပြီလ ၁၆ ရက်၊ သင်္ကြန်အတက်နေ့မှာ စစ်ကောင်စီဘက်က မနက် ၁၀ နာရီဝန်းကျင်မှာပစ်ခတ်လိုက်တဲ့ လက်နက်ကြီးအစထိမှန်ပြီး လူလတ်ပိုင်းအရွယ် အမျိုးသားတဦးသေဆုံးခဲ့တာလို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ် စစ်ကြောင်း တာဝန်ရှိသူတဦးက ပြောပါတယ်။

"ကြားထဲမှာ တိုက်ပွဲတော့ မရှိဘူး။ သင်္ကြန်အကြိုနေ့ကတည်းက လက်နက်ကြီးနဲ့ ပစ်နေတာ။ သူတို့က အနောက်ဘက်ကမ်းကို လုံခြုံရေးယူတဲ့အနေနဲ့ ခြောက်လှန့်တဲ့သဘော ပစ်လိုက်တာ။ အဲဒီအချိန်မှာ ထိမှန်သွားတာ။"

မုံရွာမြို့မှာ အခြေချနေတဲ့ စစ်ကောင်စီတပ်က အခုလိုလက်နက်ကြီးနဲ့ မကြာခဏဆိုသလို ပစ်ခတ်တာတွေရှိတယ်လို့ ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း တော်လှန်ရေးအဖွဲ့တွေကြား အပြန်အလှန်တိုက်ပွဲမရှိပေမယ့်လည်း သင်္ကြန်အကြိုနေ့ကတည်းက လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်နေတာလို့ ပြောပါတယ်။

"သင်္ကြန်အကြိုနေ့ကလည်း လက်နက်ကြီး ၄ - ၅ လုံးလောက်ပစ်တယ်။ ဒီနေ့ကျတော့ ၂ လုံးပစ်တာ။ ၂ လုံးပစ်တာကိုမှ ကျပြီးတော့ အစမှန်တာ။ တိုက်ပွဲက မဖြစ်ဘူးဗျ။ သင်္ကြန်ဆိုတော့ လုံခြုံရေးယူပြီးတော့ အနောက်ဘက်ကို ပစ်တဲ့သဘောပေါ့။"

စစ်ကောင်စီတပ်က ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ကျေးရွာတွေဆီ လက်နက်ကြီးနဲ့ ခြောက်လှန့်ပစ်ခတ်တာ၊ ကျေးရွာတွေထဲဝင်ပြီး နေအိမ်မီးရှို့တာတွေကို အရင်ကတည်းက လုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

သင်္ကြန်ရက်အတွင်းမှာ တိုက်ပွဲမရှိဘဲ အခုလို ကျေးရွာတွေထဲ လက်နက်ကြီးနဲ့ လှမ်းပစ်သလို မြို့ပေါ်မှာလည်း လက်နက်ကိုင်ပြီး လှုပ်ရှားသွားလာတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG