သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမြင်ကွင်းက ပျောက်ကွယ်နေတဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း


(မှတ်တမ်းပုံ) _ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား အိန္ဒိယနိုင်ငံ ခရီးစဥ်တခုမှာ တွေ့ရ။
(မှတ်တမ်းပုံ) _ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းအား အိန္ဒိယနိုင်ငံ ခရီးစဥ်တခုမှာ တွေ့ရ။

အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်ခံရမှုမှာ ဒဏ်ရာရတယ်လို့ သတင်းထွက်နေတဲ့ စစ်ကောင်စီ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ ဧပြီလ အစောပိုင်းက စပြီး အခုချိန်အထိ လူမြင်ကွင်းကနေ ပျောက်ကွယ်နေဆဲ ဖြစ်ပါတယ်။

ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ ကျန်းမာရေးအခြေအနေ၊ နောက် ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ဒုတိယ ဗိုလ်ချုပ်မှူးကြီးအဖြစ် ယာယီ တာဝန်ပေးထားတယ်ဆိုပြီး ထွက်ပေါ်နေတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဗွီအိုအေက စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ် မေးမြန်းတာမှာတော့ အခုလို ဖြေကြားပါတယ်။

" မီဒီယာတွေမှာ ဖေါ်ပြနေတဲ့ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ သတင်းများဟာ အမှားများသာဖြစ်ပါတယ်။ ကောလဟာလတွေပဲ ဖြစ်ပါတယ်။ ဒါ ဒုတိယ ဗိုလ်ချုပ်မှူးကြီး အနေနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေး တာဝန်များကို ဆက်လက် ဆောင်ရွက်နေလျက် ရှိပါတယ်။ ကျန်းမာစွာနဲ့ ရှိပါတယ်။ "


မွန်ပြည်နယ် မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှာ အဝေးထိန်း ဒရုန်းယာဉ်တွေနဲ့ တိုက်ခိုက်ခံရမှုအတွင်း အဲဒီမှာရောက်နေတဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ထိခိုက်ဒဏ်ရာရပြီး ဆေးရုံတင်ရတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာပါ။

ပုံမှန်အားဖြင့် စစ်ကောင်စီရဲ့ အကြီးတန်း တာဝန်ရှိသူတွေဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းလို ပုဂ္ဂိုလ်များရဲ့ ခရီးစဉ်တွေ လှုပ်ရှားမှုတွေကို နိုင်ငံပိုင် မီဒီယာများမှာ ဖော်ပြလေ့ ရှိပေမဲ့ အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာ ရခဲ့တယ်လို့ သတင်းတွေ ထွက်ခဲ့ချိန်ကစလို့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ သတင်းတွေ ဖော်ပြတာမျိုး မရှိ ဖြစ်နေပါတယ်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက် စာမျက်နှာမှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လှုပ်ရှားမှုတွေကို ဧပြီလ ၁၁ ရက်နေ့ထိ ဖော်ပြထားပေမဲ့လို့လည်း ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းရဲ့ သတင်းမှာတော့ ဧပြီလ ၃ ရက်နေ့က ဗထူး တပ်နယ်ခရီးစဉ်ကို နောက်ဆုံး ဖော်ပြထားတာ တွေ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG