သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်ခြားစောင့် တပ်ဖွဲ့ဝင် ၄၆ ဦး ဘင်္ဂလားဒေ့ရှ်ကို တိမ်းရှောင်


ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့်တပ်သားများ (ဖေဖော်ဝါရီ ၇၊၂၀၂၄)
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်းကို ထွက်ပြေးသွားကြတဲ့ မြန်မာနယ်ခြားစောင့်တပ်သားများ (ဖေဖော်ဝါရီ ၇၊၂၀၂၄)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ မြန်မာနယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၄၆ ဦး ဒီကနေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

မြန်မာဘက်က ထွက်ပြေးလာတဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၆၀ ဟာ လက်ရှိအချိန်ထိ ရောက်ရှိ ခိုလှုံနေတယ်လို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် ပြောရေးဆိုခွင့်ရှိသူ Shariful Islam က ပြောပါတယ်။ ဖေဖော်ဝါရီလ အစောပိုင်းတုန်းကလည်း မြန်မာ နယ်ခြားစောင့်တပ်အပါအဝင် စစ်သားတွေ၊ လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုဝင် စုစုပေါင်း ၃၃၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ခိုလှုံခဲ့ကြတာမှာ သူတို့ကို ရေကြောင်းကနေ မြန်မာနိုင်ငံဘက် ပြန်ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေအတွင်း AA က အနည်းဆုံး မြို့ပေါင်း ၈ မြို့လောက်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်တဲ့အပြင် စစ်ကောင်စီတပ်စခန်း အများအပြားကိုလည်း သိမ်းပိုက်ခဲ့ပြီး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG