သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာနေတဲ့ ညောင်လေးပင်ခရိုင်မှာ ဒေသခံတချို့ ထိခိုက်သေဆုံး


ကျောက်ကြီးမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေထိခိုက်ခဲ့ (ဧပြီ ၂၀၂၄)
ကျောက်ကြီးမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ဒေသခံတွေထိခိုက်ခဲ့ (ဧပြီ ၂၀၂၄)

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်ဖွဲ့တွေ ထိန်းချုပ်ရာ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျေးရွာသားတချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် လုံခြုံရေးအတွက်လည်း စိုးရိမ်နေကြတာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၃ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ညောင်လေးပင်ခရိုင် ဒေသအခေါ်လယ်ဒို (ကျောက်ကြီး)မြို့နယ်အတွင်းမှာ ကျေးရွာ ၃ရွာက ပြည်သူတွေဟာသူတို့အိမ်တွေကို ပြန်ပြီးနေထိုင်တုန်းမှာပဲ စစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်တာတွေလုပ်ခဲ့ပြီး ရွာသားတွေ ထွက်ပြေးချိန်မှာလေကြောင်းကနေ တိုက်ခိုက်မှုလုပ်ခဲ့တာပါ။ ဒီအတွက် ကလေးသူငယ်တွေ၊ အမျိုးသမီးတွေ ထိခိုက်သေဆုံးတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံတဦးကအခုလိုပြောပါတယ်။

"ညောင်လေးပင်ခရိုင် တပ်မဟာ ၃ ပေါ့ ဒေသအခေါ်(လယ်ဒို) ကျောက်ကြီးမြို့နယ်မှာပေါ့ တိုက်ပွဲ မဖြစ်ပဲနဲ့ ဘောကထာ၊ ပဒဲကော ကလော မော်ခို့ စတဲ့ အဲဒီရွာ၃ရွာကို ခလရ ၂၆၄ က ပိန်းဇလုပ်တပ်ပေါ့ ၊ ရွာထဲကို တိုက်ရိုက်ပဲ လက်နက်ကြီးနဲ့ ပစ်တယ် ရွာသားတွေထွက်ပြေးတော့ လေယာဉ်နဲ့ စက်သေနတ်နဲပစ်တယ် ဗုံးတွေလည်းလာကြဲတာပေါ့ အဲဒီမှာအမျိုးသမီး ၂ဦးသေတယ် ပြီးတော့ လသားကလေးတယောက်အပါအဝင် အားလုံးလူဦးရေ ၉ယောက်က ဒဏ်ရာရတယ်"

ဒီအကြောင်းနဲ့ပတ်သက်လို့စစ်ကောင်စီကတော့သတင်းထုတ်ပြန်တာမရှိသေးပါဘူး၊အဲဒီဒေသဘက်မှာ မကြာခန လေကြောင်းတိုက်ခိုက်မူ့တွေကြောင့် ရွာတွေမှာ မနေရဲပဲ အမြဲတမ်းတောတောင်တွေထဲပုန်းအောင်းနေထိုင်နေရပါတယ်။ကိုယ့်အိမ်ကိုယ့်ယာကို ပြန်ချိန်တိုင်းမှာအခုလိုမျိုးတိုက်ခိုက်ခံရတာတွေကြုံရလေ့ရှိတယ်လို့လည်း ဆက်ပြောပြပါတယ်။

"တိုက်ပွဲလည်းမဖြစ်ဘူး။ KNU/PDFလည်းမရှိဘူး။ သူတို့က ရွာထဲလူတွေနေရင် KNU/PDFတွေနေတယ်လို့သူတို့မှန်းဆတာလား၊ ကျနော်တို့ ရွာသားတွေကိုပဲလန့်အောင် သတင်းမပေးရဲအောင် လုပ်တာလား ဒီလိုပုံစံမျိုးထင်ပြီး အမြဲတမ်းပဲရွာထဲကိုပစ်ထည့်တာလားမသိဘူး ၊တိုက်ပွဲမရှိလည်း ပစ်နေတာပဲ ကျနော်တို့ရွာသားတွေကမနေရဲတော့ဘူး ရွာကိုပြန်တာနဲ့ လက်နက်ကြီးနဲ့ ထပ်ပစ် အဲဒါကို ထွက်ပြေးတော့ ညနေစောင်းမှာလေယာဉ်နဲ့ဗုံးတွေလာကြဲလုပ်တာပဲ"

စစ်ကောင်စီတပ်တွေဟာ လက်နက်ကြီးနဲ့ အကြိမ်ပေါင်း ၃၀ထက်မနည်းပစ်ခတ်ပြီးမှ ရွာသားတွေ ထွက်ပြေးချိန် လေကြောင်းတိုက်ခိုက်မှုကိုလုပ်ခဲ့တာဖြစ်တယ်လို့လည်း အဲဒီဒေသက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်က ပြောပါတယ်။ စစ်ဘေးရှောင်နေတုန်းမှာလဲ စစ်တပ်က ရွာထဲကို ဝင်ရောက်ပြီး ရွာသားတွေရဲ့ပစ္စည်းတွေယူဆောင်သွားတာရှိတယ်လို့လည်းဒေသခံတွေကဆိုပါတယ်။ အဲဒီဒေသမှာ စစ်ဘေးရှောင်နေရတဲ့ ရွာတွေကပြည်သူ သိန်းဂဏန်းနဲ့ရှိပြီး အိမ်တွေကို ပြန်လာတဲ့အချိန်မှာအခုလိုအဖြစ်တွေနဲ့ကြုံနေရတာဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG