သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကျော် မြန်မာပြန်ပို့


စစ်တွေထောင်မှာထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကိုပြန်ပို့ဖို့ စီစဉ်နေစဉ် (ဧပြီ ၂၃၊ ၂၀၂၄)
စစ်တွေထောင်မှာထိန်းသိမ်းထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကိုပြန်ပို့ဖို့ စီစဉ်နေစဉ် (ဧပြီ ၂၃၊ ၂၀၂၄)

ရခိုင်ပြည်နယ် စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၀ ကျော် နေရပ်ပြန်ရောက်လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရောက် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပြန်လည်ခေါ်ယူမယ့် မြန်မာရေတပ်ပိုင် ချင်းတွင်း သင်္ဘောနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၇၃ ယောက်ကို ပြန်ပို့ခဲ့တာလို့လည်း ရန်ကုန်အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးက ပြောပါတယ်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် ဘယ်နှစ်ယောက်ကို ပြန်ခေါ်မယ် ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက် ခိုလှုံလာတဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင် ၂၈၅ ယောက်ရှိနေပြီဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က ပြီးခဲ့တဲ့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မြန်မာရေတပ်သင်္ဘော မနက်ဖြန်မှာ ဘင်္ဂလားဒေ့ရှ်ကို ရောက်မယ်လို့ ခန့်မှန်းထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေထံ လွှဲပြောင်းပေးအပ်လိမ့်မယ်လို့လည်း ဘင်္ဂလားဒေ့ရှ်သံရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG