သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး အာဆီယံမှာ ဆွေးနွေးဖို့ ထိုင်းအစိုးရအဆိုပြု


မဲဆောက်မြို့ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရောက်ရှိနေပြီး မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတင်းကြပ်ထား(ဧပြီ ၁၂၊၂၀၂၄)
မဲဆောက်မြို့ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးရောက်ရှိနေပြီး မြဝတီမြို့တိုက်ပွဲတွေကြောင့် ထိုင်းဘက်ခြမ်းမှာ လုံခြုံရေးတင်းကြပ်ထား(ဧပြီ ၁၂၊၂၀၂၄)

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေပြေလည်ရေး အာဆီယံအဖွဲ့အတွင်းက အရေးပါတဲ့ နိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးကြဖို့ အလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံကို အဆိုပြုထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဌာနက ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့မှာ ပြောပါတယ်။

မြန်မာ့အရေးဆွေးနွေးကြဖို့ ဥက္ကဋ္ဌ လာအိုနိုင်ငံအပြင်၊ မလေးရှားနဲ့ အင်ဒိုနီးရှားနိုင်ငံတို့ကိုလည်း ဖိတ်ကြားထားကြောင်း ထိုင်းနိုင်ငံခြားရေးဌာန အရာရှိတဦးဖြစ်သူ Nikorndej Balankura က ပြောပါတယ်။ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပပေးလို့ရကြောင်း အဆိုပြုထားတဲ့ ဒီ စည်းဝေးပွဲကို ကျန်အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲက စိတ်ဝင်စားသူ ဘယ်သူမဆို တက်နိုင်တယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့ မြန်မာနိုင်ငံအကြား ကုန်သွယ်ရေးအရ အရေးပါတဲ့ မြဝတီမြို့ကို KNLA/PDF အဖွဲ့တွေက အခုလအစောပိုင်းမှာ တိုက်ခိုက် သိမ်းပိုက်ပြီးတဲ့နောက် နယ်စပ်ကုန်သွယ်ရေးတွေ ရပ်တန့်ခဲ့တဲ့အပြင် မြန်မာဘက်က ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေလည်း ထိုင်းနိုင်ငံအတွင်း ထွက်ပြေးလာခဲ့ကြတာပါ။

မြန်မာပြည်ဘက်အခြမ်းက တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံကလည်း နယ်စပ်မှာ လုံခြုံရေးတွေ တိုးမြင့်ချထားခဲ့ပြီး ပဋိပက္ခကို တွေ့ဆုံ ဆွေးနွေး အဖြေရှာကြဖို့ အစောပိုင်းကတည်းက တိုက်တွန်း ပြောဆိုနေခဲ့တာပါ။

လက်ရှိအချိန်ထိ မြဝတီမြို့ရဲ့ အခြေအနေဟာ တည်ငြိမ်မှု မရှိသေးတဲ့အပြင် မြန်မာနိုင်ငံအတွင်း တခြား ဒေသတွေမှာလည်း တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာ ထိုင်းနိုင်ငံက မြန်မာ့အရေးဆွေးနွေးဖို့ အာဆီယံအဖွဲ့ကို အဆိုပြုလာတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG