သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဘေးဒုက္ခသည်တွေ မြ၀တီ နေရပ်ပြန်နေတဲ့ အခြေအနေ


မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ (ဧပြီ ၂၀၊ ၂၀၂၄)
မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ (ဧပြီ ၂၀၊ ၂၀၂၄)

စစ်ကောင်စီဘက်က အပြင်းအထန်လေကြောင်းကနေတိုက်ခိုက်နေတဲ့ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဇုန်ရှိရာ ကရင်ပြည်နယ်မြ၀တီမြို့အထိမနာစေဖို့ KNU နဲ့ တပ်ပေါင်းစုတွေ ဆုတ်ခွာပြီးနောက် ၂၄ နာရီအတွင်း မြန်မာစစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နေကြပြီလို့ စစ်ဘေးရှောင်ကူညီနေသူတွေက ဗွီအိုအေကိုပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။


စစ်ကောင်စီတပ်တွေနဲ့ KNU ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဦးဆောင်တဲ့ပူးပေါင်းတပ်တွေ ကြား တိုက်ပွဲလျော့ကျလာတဲ့အတွက် အမှတ်(၂) ချစ်ကြည်ရေးတံတားနားမှာ ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တွေကို ဒီကနေ့ ဧပြီလ ၂၂ရက်နေ့မနက်ပိုင်းမှာနေ ရပ် ပြန်သွားကြကြောင်း စစ်ဘေးရှောင်ကူညီနေတဲ့ ဦးဇော်ထွန်းက ဗွီအိုအေကိုပြောပါတယ်။

“အားလုံးပေါင်း ၃ထောင်ကျော်ပေါ့ အဲဒီလောက်ရှိတယ်။ တံတား(၂)နားစခန်းကလူတွေကတော့အကုန်ပြန်ပို့တာ ဒီဘက်ကတော့ ၃ထောင်ကျော် ဟိုဘက်မှာတော့ ၅ထောင်ကျော်လောက်ရှိတယ်။ တိုက်ပဲွတွေရပ်လိုက်တဲ့အတွက် သူတို့ကိုယ်တိုင်ပြန်ချင်တာလည်းပါတယ်။”

ဒီကနေအိမ်ပြန် ဦးရေ ၆၀၀ နီးပါး ရှိပြီးအများစုဟာ မြ၀တီမှာကျန်နေတဲ့ သူတို့ နေအိမ်နဲ့ မိသားစုတွေကို စိုးရိမ်တာရယ် စစ်ပွဲအခြေအနေ ခနတာ ငြိမ်သက်သွားတာကြောင့်ပြန်ကြတာလို့လည်း နေရပ်ပြန်သူတွေကပြောပါတယ် ။ အိမ်စီးကားနဲ့ နယ်စပ်ကို စစ်ဘေးရှောင်ဖို့ ထွက်ပြေးရင်းနဲ့ လေကြောင်းတိုက်ခိုက်ဗုံးကြဲနေတဲ့အချိန်မှာထိမှန်သွားလို့အမျိုးသမီးငယ် ၂ဦးနဲ့အမျိုးသားတဦး ပဲွချင်းသေဆုံးသွားခဲ့ပြီး သေဆုံးသူရဲ့မိခင်နဲ့ဖခင်ကတော့ ဒဏ်ရာပြင်းလို့မဲဆောက်ဆေးရုံကြီးကိုပို့ပြီးကုသမှု ခံယူနေရပါတယ်။

လေကြောင်းတိုက်ခိုက်မူ့အကြိမ်ပေါင်း၁၅၀ကျော်လုပ်တာကြောင့် အရပ်သားတွေထိခိုက်သေဆုံးမူတွေများတဲ့အတွက် KNU ဘက်က တပ်တွေကိုယာယီဆုတ်ခွါထားကြောင်း မနေ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။ စစ်ဘေးရှောင်တွေထိုင်းဘက်ကိုထွက်ပြေးလာတုန်းအိမ်တွေဖောက်ထွင်းခံရတာတွေရှိတဲ့အတွက် ဒေသခံတေွက ထိုင်းဘက်မှာကြာရှည်မနေချင်ကြဘူးလို့လည်းပြောပါတယ်။ ဒါပေမယ့် စိုးရိမ်စိတ်ရှိတဲ့ သူတွေကတော့နေရပ်မပြန်သေးသူတွေလည်းရှိနေပါသေးတယ်။ နယ်စပ်‌မှာမငြိမ်မသက် ဖြစ်တာတွေဟာ ထိုင်း နိုင်ငံ ဘက်ကိုပါ ရိုက်ခတ်လာပြီး ထိုင်းပြည်သူတွေရဲ ့ လုံ ခြုံရေးကိုပါ ထိခိုက်လာတာကောင့် ထိုင်းအစိုးရအနေနဲ့တိုက်ပွဲတွေဆက်မဖြစ်ဖို့နဲ့ နယ်စပ် ကုန်သွယ်ရး မထိခိုက်စေဖို့ လိုလားကြောင်းဒီကနေညနေပိုင်းမှာပဲ ထိုင်းအာဏာပိုင်တွေကသတင်းထောက်တွေကိုပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG