သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဟင်နရီဗန်ထီးယူကို ဒုသမ္မတတာဝန်မှ စစ်ကောင်စီအနားပေး


Myanmar President
Myanmar President

ဦးဟင်နရီဗန်ထီးယူကို ဒု သမ္မတ အဖြစ်ကနေ အနားပေးလိုက်တယ်လို့ မြန်မာစစ်ကောင်စီက ထုတ်ပြန်ကြေညာပါတယ်။ ကျန်းမာရေးအရ အနားယူခွင့်ပြုလိုက်တာလို့ အကြောင်းပြချက် ဖော်ပြပါတယ်။ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို စစ်ကောင်စီက ဖမ်းဆီးအရေးယူခဲ့ပေမယ့်၊ ဒုသမ္မတနှစ်ဦးဖြစ်သူ စစ်တပ်ကခန့်အပ်တဲ့ ဦးမြင့်ဆွေနဲ့ အရပ်သားလွှတ်တော်ကိုယ်စားလှယ်တွေခန့်အပ်တဲ့ ဦးဟင်နရီဗန်ထီးယူတို့ကိုတော့ တာဝန်တွေ ဆက်ပေးထားခဲ့တာပါ။ စစ်ကောင်စီရဲ့ အစိုးရအဖွဲ့အစည်းအဝေးတွေ မူဝါဒဆိုင်ရာအစည်းအဝေးတွေမှာ ဒီ ဒုသမ္မတနှစ်ဦး မတွေ့ရပေမယ့်၊ ၆ လတကြိမ်ကျင်းပတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီအစည်းအဝေးတွေမှာတော့ ဒုသမ္မတနှစ်ဦးနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌတို့ ပါဝင်တတ်ရောက်စေပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ကာ/လုံအစည်းအဝေးတွေမှာတော့ ဦးဟင်နရီဗန်ထီးယူဟာ ကျန်းမာရေးအကြောင်းပြချက်နဲ့ တတ်ရောက်တာမတွေ့ရပါဘူး။ ဦးဟင်နရီဗန်ထီးယူဟာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်အဖြစ် ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ရပြီးနောက်၊ NLD ရ လက်ထက်မှာပဲ ဒုတိယသမ္မတ (၂) အဖြစ်နဲ့ လွှတ်တော်က ရွေးချယ်ခံခဲ့ရတာပါ။

တဆက်တည်းမှာတော့ ဧပြီလ ၂၂ ရက်နေ့က ကျင်းပတဲ့ စစ်ကောင်စီရဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း တတ်ရောက်ခြင်းမရှိတာတွေ့ရပါတယ်။ နိုင်ငံပိုင် ရုပ်သံတွေမှာဖော်ပြတဲ့ ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးမှာ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်နဲ့ အစိုးရအဖွဲ့ဝင်တွေ တတ်ရောက်တာတွေ့ရပေမယ့် ဒုဝန်ကြီးချုပ်တာဝန်လည်းယူထားတဲ့ ဒုတိယဗိုလ်ချုပ်မှုးကြီးစိုးဝင်း တတ်ရောက်တာမတွေ့ရပါဘူး။ မော်လမြိုင်အခြေစိုက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခံရလို့ ဒုဗိုလ်ချုပ်မှုးကြီးစိုးဝင်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာတဲ့နောက်ကတည်းက သူ့ကို အများပြည်သူမြင်ကွင်းမှာမတွေ့ရတော့တာဖြစ်ပါတယ်။ စစ်ကောင်စီပြောခွင့်ရသူကတော့ ဒု ဗိုလ်ချုပ်မှုးကြီးစိုးဝင်းဟာ ကျန်းမာစွာနဲ့ တာဝန်တွေထမ်းဆောင်နေပါတယ်လို့ ဗွီအိုအေကို တုံ့ပြန်ဖြေကြားထားပါတယ်။

Forum

XS
SM
MD
LG