သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်အခြေအနေတွေလေ့လာဖို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မဲဆောက်သွားမည်


ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara

ကရင် KNLA တပ်နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေ စီးနင်းနိုင်ခဲ့တဲ့ မြဝတီမြို့က တိုက်ပွဲကြောင့် ထိုင်းနိုင်ငံဘက် သက်ရောက်မှုတွေကို လေ့လာဖို့ မြဝတီနဲ့ကပ်နေတဲ့ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို မနက်ဖြန် သောကြာနေ့မှာ သွားမယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara ကပြောပါတယ်။ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုမရှိတော့တဲ့ မြဝတီမြို့ဘက်ကနေ မဲဆောက်မြို့ဘက်ကို ဝင်ရောက်နိုင်ဖို့ ကြိုးစားသူ ထောင်နဲ့ချီရှိနေချိန်မှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး နယ်စပ်ကိုသွားမယ်လို့ ဒီနေ့ညနေပိုင်းလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားသွားတာြဖစ်ပါတယ်။

မြန်မာနိုင်ငံဘက်မှာဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် လူပေါင်း ၁ သိန်းလောက်အထိ ဘေးကင်းစွာ ယာယီ ခိုလှုံနိုင်ဖို့ ထိုင်းဘက်မှာ ပြင်ဆင်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက Parnpree Bahiddha-Nukara က ဧပြီလ ၉ ရက်နေ့ကပဲ ပြောကြားထားပါတယ်။

မြဝတီမြို့မှာ စစ်တပ်ရဲ့ နောက်ဆုံးကျန် ခလရ ၂၇၅ စစ်စခန်းက စစ်သားတွေ ဆုတ်ခွာသွားပြီးနောက် မြဝတီမြို့ကို KNLA တပ်နဲ့ PDF ပူးပေါင်းတပ်တွေ ဒီနေ့ စီးနင်းနိုင်ခဲ့တာဖြစ်ပါတယ်။ စစ်တပ်ဘက်ကလည်း လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတာကြောင့် မြဝတီမြို့ကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးဝင်ရောက်ဖို့ကြိုးစားသူ ထောင်နဲ့ချီ ရှိနေပါတယ်။ မြဝတီနဲ့ မဲဆောက်မြို့ကို ဆက်ထားတဲ့ တံတားရဲ့ ထိုင်းဘက်ခြမ်းမှာ ထိုင်းစစ်တပ်က သံချပ်ကာကားတွေအပါအဝင် လုံခြုံရေး အပြည့်အဝ ချထားပါတယ်။ ထိုင်း မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးကြီးတဲ့ မြဝတီမြို့မှာ စစ်ကောင်စီရဲ့ ထိန်းချုပ်မှု မရှိတော့တာနဲ့အတူ ထိုင်း မြန်မာကုန်သွယ်ရေးတွေ ရပ်တန့်နေပါတယ်။ ၂ နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွေရပ်နေတဲ့အတွက် မြန်မာဘက် အခြမ်းမှာရော ထိုင်းနိုင်ငံဘက်အခြမ်းမှာပါ ခရီးမဆက်နိုင်တဲ့ ကုန်တင်ကားတွေ လမ်းမှာ သောင်တင်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG