သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်က စစ်ပွဲအခြေအနေမမေ့ကြဖို့ ပုပ်ရဟန်းမင်းပန်ကြား


Vatican Pope
Vatican Pope

"စစ်က နေရာတိုင်းမှာ ဖြစ်နေပါတယ်၊ မြန်မာကို မမေ့ကြပါနဲ့" လို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားလိုက်ပါတယ်။ ဗာတီကန်၊ စိန့်ပီတာရင်ပြင် မှာ ကျင်းပတဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ယူကရိန်းစစ်၊ ဂါဇာစစ်တွေနဲ့အတူ မြန်မာပြည်မှာ ဖြစ်နေတဲ့ စစ်ပွဲကို မမေ့ကြဖို့ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့တာဖြစ်တယ်လို့ အေရှားနယူးစ် သတင်းက ဆိုပါတယ်။ ဒီ စစ်ပွဲဇုံတွေမှာ ဒုက္ခရောက်နေကြတဲ့သူတွေ ကို မမေ့ကြဖို့ ပုပ်ရဟန်းမင်းကြီး က ဆော်ဩလိုက်ပြီး၊ ငြိမ်းချမ်ရေးအတွက် ဆုတောင်းကြဖို့ တက်ရောက်လာကြတဲ့ ပရိသတ်အပေါင်း ကို ပန်ကြားခဲ့တာပါ။

Armed Conflict Location and Event Data Project (ACLED) ကို ကိုးကားပြီး တကမ္ဘာလုံး စစ်ပွဲ ၅၀ ကို လေ့လာကြည့်ရှုခဲ့ရာမှာ မြန်မာ ပြည်တွင်းစစ်ဟာ အပြင်းထန်ဆုံးဖြစ်တဲ့အပြင် ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်းက သုံးနှစ်အတွင်း အနည်းဆုံး လူ ငါးသောင်း အသက်ဆုံးရှုံးခဲ့ကြရပြီး၊ ဒီ အထဲမှာ အရပ်သား ၈၀၀၀ ပါဝင်ခဲ့တယ် လို့ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားရေး ပေါင်းစပ်ညှိုနှိုင်းရေးရုံး (UNOCHA) ရဲ့ သတင်းအင်တာနက် စာမျက်နှာ relief web မှာ ဆိုပါတယ်။

၂၀၂၃ ခုနှစ် တနှစ်တည်းမှာတင် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် အရပ်သား ၂၁၆၄ ယောက် သေဆုံးခဲ့ပြီး၊ သေဆုံးမှု ၈၅ ရာနှုန်း က စစ်တပ် နဲ့ ဆက်စပ်နေတယ်လို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံ မှာ စစ်ပြေးဒုက္ခသည်ပေါင်း ၂.၅ သန်းကျော် ရှိနေတယ်လို့လည်း ကုလသမဂ္ဂ က ပြောပါတယ်။

Forum

XS
SM
MD
LG