သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေထောက်ပံ့ဖို့ မွန်တိုင်းရင်းသား ဘောလုံးသမား ထိုင်းအသင်းအင်္ကျီ လေလံတင်


စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ်ထဲ ခြေအိမ် ၁,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ ဓမ္မသကျေးရွာမီးလောင်ကျွမ်းနေပုံ။ (ဓာတ်ပုံ-Mi Jandai Mon's fb/မတ်လ ၂၇၊၂၀၂၄)
စစ်ကောင်စီတပ်တွေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် မွန်-ကရင်နယ်စပ် ကျိုက်မရောမြို့နယ်ထဲ ခြေအိမ် ၁,၀၀၀ ဝန်းကျင်လောက်ရှိတဲ့ ဓမ္မသကျေးရွာမီးလောင်ကျွမ်းနေပုံ။ (ဓာတ်ပုံ-Mi Jandai Mon's fb/မတ်လ ၂၇၊၂၀၂၄)

မွန်လူမျိုး မိသားစုကနေ မွေးဖွားလာတဲ့ ထိုင်း ဘောလုံးလက်ရွေးစင်ကစားသမား Pongsakorn Sangkasopha ဟာ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်တွေကို ကူညီဖို့ သူ့ရဲ့ အသင်းအင်္ကျီကို လေလံတင် ရောင်းချလိုက်ပါတယ်။ အသက် ၂၃ နှစ်အောက် ထိုင်းဘောလုံးအသင်းဝင် Pongsakorn မနှစ်က AFC U17 Asia Cup Thailand ပွဲစဉ်မှာ ဝတ်ဆင်ခဲ့ဘူးတဲ့ ကျောနံပါတ် ၁၅ အင်္ကျီကို အွန်လိုင်းကနေ လေလံတင်ရောင်းချခဲ့ရာမှာ မွန်အမျိုးသမီးတဦးက ထိုင်းဘတ်ငွေ ၃၆,၅၀၀ နဲ့ ဝယ်ယူသွားခဲ့ကြောင်း ဒီကနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းက ဖော်ပြခဲ့တာပါ။

အင်္ကျီ ရောင်းရငွေတွေကို ပြီးခဲ့တဲ့ ရက်က စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် နေအိမ်တွေ မီးလောင်ပျက်ဆီးခဲ့ရတဲ့ မွန်-ကရင် နယ်စပ်မှာရှိတဲ့ ဓမ္မသကျေးရွာက ဒေသခံတွေကို လှူဒါန်းသွားမှာလို့ Pongsakorn က ပြောပါတယ်။ ဒုက္ခသည်တွေကို ကူညီတဲ့ လေလံပွဲမှာ ပါဝင်ပေးကြတဲ့ သူအားလုံးကို ကျေးဇူးတင်ကြောင်း၊ မမျှော်လင့်ဘဲ လေလံဈေးအများကြီး ပေးပြီး လေလံဆွဲသွားသူကိုလည်း ကျေးဇူးတင်တယ်လို့လည်း ပြောပါတယ်။

Ratchaburi FC in Thai League 1 မှာ ကစားနေတဲ့ အသက် ၁၇ နှစ်အရွယ် Pongsakorn ဟာ ထိုင်းနိုင်ငံ ဆန်ခလာဘူရီက မွန်မိသားစုက မွေးဖွားသူဖြစ်ပြီး အခုအခါ အသက် ၂၃ နှစ်အောက် ထိုင်းအမျိုးသားအသင်း လက်ရွေးစင်အဖြစ် ရွေးချယ်ခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG