သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကောက်မြို့ အနှိပ်ခန်းမှာ အလုပ်လုပ်ခွင့် အထောက်အထားမဲ့မြန်မာ ၁၅ ဦးဖမ်းဆီးခံရ


Thailand Economy
Thailand Economy

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ wang Thonglang နယ်မြေက ‌ စျေးရောင်းစင်တာမှာရှိတဲ့ “အန်ကယ်အော့” လို့ အမည်ပေးထားတဲ့ အနှိပ်ခန်းဟာ အနှိပ်ခန်းကိုဗန်းပြပြီး ကာမဝန်ဆောင်မူ့ပေးတယ်ဆိုပြီး သတင်းရတာကြောင့် နယ်မြေအာဏာပိုင်တွေက ၀င်ရောက်စစ်ဆေးဖမ်းဆီးခဲ့ရာမှာ အလုပ်လုပ်ခွင့်အထောက်အထားမရှိတဲ့မြန်မာ ၁၅ ဦးဖမ်ဆီးခဲ့ရပါတယ်။ ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လက်ဖလောက် wang Thonglang ၀မ်ထောင်လန်နယ်မြေ က ‌ စျေးရောင်းစင်တာမှာဖွင့် ထားတဲ့ အနှိပ်ခန်းကို ပတ်ဝန်းကျင်က လူထုတွေရဲ့တိုင်ကြားချက်တွေကြောင့် ဝင်ရောက်စစ်ဆေးရာမှာအထောက်အထားမဲ့မြန်မာ ၁၅ဦးဖမ်ဆီးခံခဲ့ရကြောင်း Labor Right Foundationကပြောရေးဆိုခွင့်ရှိသူ ဦးအောင်ကျော်က ပြောပါတယ်။

"မတ်လ ၃၀ရက်နေ့က ဘန်ကောက်မြို့လက်ဖလောက် wang Thonglang ၀မ်ထောင်လန် နယ်မြေ စျေးရောင်းစင်တာတွေရှိတယ်။အဲဒီစျေးရောင်းစင်တာမှာ အနှိပ်ခန်းဖွင့်ထားတယ်။ အဲဒီအနှိပ်ခန်းကို ဗန်းပြပြီးတော့မှ ကာမ ဝန်ဆောင်မူ့တွေပြုလုပ်နေတယ်ဆိုတာကို ပတ်ဝန်းကျင်မှာရှိတဲ့ ပြည်သူတွေရဲ့သတင်းပေးတိုင်ကြားချက်အရ ပြည်သူ့ရဲတွေ အာဏာပိုင်တွေသွားရောက်စစ်ဆေးတဲ့အခါမှာ အထောက်အထားလုံး၀မရှိတဲ့ မြန်မာနိုင်ငံသား ၁၅ဦးကို တွေ့ရတယ်လို့ကျနော်တို့က သတင်းရပါတယ်။"

အဲဒီနေရာတွေမှာ အနှိပ်ခန်းဗန်းပြပြီး တခြားဝန်ဆောင်မူတွေ လုပ်နေတယ်လို့ ဒေသခံတွေကယူဆတဲ့အတွက် တိုင်ကြားရာကနေ အခုလိုဖမ်ဆီးမူ့တွေလုပ်လာတာဖြစ်တယ်လို့လည်းပြောပါတယ်။

"တရားဝင်တော့မဟုတ်ဘူး ပုန်းလျိုးကွယ်လျိုးနဲ့ လုပ်ထားတဲ့ ဘားလေးတွေလည်းရှိတယ်။ လုပ်ငန်းရှင်တွေက ခိုင်းစေထားချက်အရ လုပ်တာတွေရှိတယ်။ ကမ္ဘာလှည့်ခရီးသွားတွေ လာလည်သူတွေများတဲ့နေရာတွေမှာ တချို့က အနှိပ်ခန်းလေးတွေဆိုပြီး အမည်တပ်ထားပေမဲ့၊ တခြားဝန်ဆောင်မူ့တွေလုပ်နေတာမျိုးတွေလည်းရှိတယ်။ ပတ်ဝန်းကျင်က ထိုင်းလူမျိုးတွေကမကျေနပ်လို့တိုင်ကြားလိုက်တဲ့သဘောပါ။"

အနှိပ်ခန်းမှာ လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား ၁၅ ဦး ကို အလုပ်လုပ်ခွင့်မရှိပဲ ၀င်ရောက်လုပ်ကိုင်နေမှုနဲ့ တရားစွဲဆိုမှာဖြစ်ပြီး အသက် ၆၂ နှစ်အရွယ် ထိုင်းလူမျိုး အခန်းပိုင်ရှင်ကိုပါ နိုင်ငံခြားသားတွေကို အနှိပ်ခန်းအတွင်း အလုပ်ခိုင်းစေမှုနဲ့အရေးယူသွားမှာဖြစ်တယ်လို့ wang Thonglang ၀မ်ထောင်လန် နယ်မြေ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ ဒါအပြင် အမျိုးသားအနှိပ်သည်တွေဟာ ပြည့်တန်ဆာလုပ်ငန်းတွေ လုပ်သလားဆိုတာကို စုံစမ်းသွားမှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထိုင်းလူမျိုးတဦးက မြန်မာနိုင်ငံသားတွေ အနှိပ်ခန်းမှာ အလုပ်လုပ်နေတာကို ဆိုရှယ်မီဒီယာပိုစ့် တင်ခဲ့ပြီးတဲ့နောက် အခုလို အရေးယူခဲ့တာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ အနှိပ်ခန်းမှာ ၀င်ရောက်အလုပ်လုပ်ကိုင်တာမျိုးကိုလည်း တားမြစ် ပိတ်ပင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG