သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြန်မာနယ်ခြားစပ်စောင့်တပ်ဖွဲ့ဝင် ၁၃ ယောက် ဘင်္ဂလားဒေ့ရှ်ကို ထပ်မံထွက်ပြေး


နယ်ခြားစည်းဖြတ်ပြီး ခိုဝင်လာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားစဉ်(ဖေဖော်ဝါရီ ၅၊ ၂၀၂၄)
နယ်ခြားစည်းဖြတ်ပြီး ခိုဝင်လာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ထိန်းသိမ်းထားစဉ်(ဖေဖော်ဝါရီ ၅၊ ၂၀၂၄)

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေချိန်မှာဘဲ မြန်မာနယ်ခြားစပ်စောင့်တပ် BGF တပ်ဖွဲ့ဝင် ၁၃ ယောက် Cox's Bazar မှာရှိတဲ့ Teknaf နယ်ခြားကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထပ်မံ ဝင်ရောက်လာတဲ့အကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရာရှိတွေက ဒီနေ့ ပြောဆိုပါတယ်။ သူတို့ဟာ နယ်ခြား Naf မြစ်ကို ဖြတ်ဝင်ပြီး Teknaf မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းခြေစောင့် တပ်ဆီမှာ လက်နက်ချ ခိုလှုံတာလို့လည်း တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ BSS သတင်းမှာ ဖေါ်ပြပါတယ်။

ဧပြီလ ၁၇ ရက်၊ ဗုဒ္ဓဟူးနေ့တုန်းကလည်း မြန်မာနယ်ခြားစပ်စောင့်တပ် BGF တပ်ဖွဲ့ဝင် ၄၆ ယောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောဆိုပါတယ်။ မြန်မာဘက်က ထွက်ပြေးခိုလှုံတဲ့ စစ်ကောင်စီ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၇၄ လောက်ရှိသွားပြီလို့လည်း ဘင်္ဂလားဒေ့ရှ် အရာရှိတွေက ပြောပါတယ်။

ဖေဖော်ဝါရီလ အစောပိုင်းတုန်းက မြန်မာ နယ်ခြားစောင့်တပ်အပါအဝင် စစ်သားတွေ၊ လူဝင်မှုကြီးကြပ်ရေးဌာနက ဝန်ထမ်းတွေနဲ့ သူတို့ မိသားစုဝင် စုစုပေါင်း ၃၃၀ လောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေး ခိုလှုံခဲ့ကြတာမှာ သူတို့ကို ရေကြောင်းကနေ မြန်မာနိုင်ငံဘက် ပြန်ပို့ပေးခဲ့ပြီး ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေအတွင်း AA က အနည်းဆုံး မြို့ပေါင်း ၈ မြို့လောက်ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီး ဖြစ်တဲ့အပြင် စစ်ကောင်စီတပ်စခန်း အများအပြားကိုလည်း သိမ်းပိုက်ထားချိန်မှာ မြန်မာနယ်ခြားစပ်စောင့်တပ်ဖွဲ့ဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို မကြာခဏ အသုတ်လိုက် ထွက်ပြေးခိုလှုံနေကြပါတယ်။

Forum

XS
SM
MD
LG