သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်မှာ ဟိန္ဒူနဲ့ဗုဒ္ဓဘာသာဝင်တွေဖမ်းခံရမှုသတင်း စစ်ကောင်စီငြင်းဆန်


ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းက ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်သူများ။ (ယခင်မှတ်တမ်းဓာတ်ပုံ/EPA/MIN THEIM KHINE)
ရခိုင်ပြည်နယ်မြောက်ပိုင်း ဘူးသီးတောင်မြို့နယ်အတွင်းက ပဋိပက္ခတွေကြောင့် စစ်ဘေးရှောင်သူများ။ (ယခင်မှတ်တမ်းဓာတ်ပုံ/EPA/MIN THEIM KHINE)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘူသီးတောင်မြို့နယ်မှာ ဟိန္ဒူဘာသာဝင် ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ဦးတို့ကို အစ္စာလာမ်မစ်အကြမ်းဖက်အဖွဲ့က ဖမ်းဆီးထားကြောင်း အိန္ဒိယမီဒီယာတခုက ဖော်ပြခဲ့တာက မမှန်ကန်တဲ့လုပ်ကြံဖန်တီးရေးသားချက်လို့ အာဏာသိမ်း မြန်မာစစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဧပြီလ ၁၈ ရက် (ကြာသပတေးနေ့) က တုံ့ပြန်ပါတယ်။

အိန္ဒိယမီဒီယာ India Express ရဲ့ သတင်းရေးသားဖော်ပြချက်ကို စစ်ကောင်စီတပ်တွေနဲ့ ရခိုင်မှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ အာရက္ခတပ်တော်လို့ သိပ်ကြာခင်က အမည်ပြောင်းလဲထားတဲ့ ရက္ခိုင့်တပ်တော် (AA) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ X လူမှုမီဒီယာမှာလည်း ထပ်ဆင့် ဝေမျှထားတာပါ။ အဲဒီ သတင်းထဲမှာ အမည်ဖော်ပြမထားတဲ့ သတင်းရင်းမြစ်တခုကို ကိုးကားပြီး “ဘူးသီးတောင်မှာ စစ်ကောင်စီတပ်ကိုယ်စား အစ္စလာမ်အကြမ်းဖက်အဖွဲ့တွေက ဘာသာရေးကို အခြေခံပြီး အကြမ်းဖက် သတ်ဖြတ်လာမယ့်အခြေအနေ အလှည့်အပြောင်းတခု ဖြစ်နေပြီး အခုလောလောဆယ်မှာ ဟိန္ဒူ ၁,၆၀၀ နဲ့ ဗုဒ္ဓဘာသာဝင် ၁၂၀ ဦး ဓားစာခံ အဖြစ်ဖမ်းထားတယ်” လို့ ရေးထားပါတယ်။

ဒါဟာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွေမှာ လူမျိုးရေး ပဋိပက္ခ ဖြစ်အောင်၊ တပ်မတော်နဲ့လုံခြုံရေးတပ်ဖွဲ့တွေကို အထင်အမြင်လွဲအောင် တမင်သက်သက် လုပ်ကြံထားတာလို့ စစ်ကောင်စီ ပြောခွင့်ရက တုံ့ပြန်ပါတယ်။ သတင်းရေးသားဖော်ပြတဲ့ အိန္ဒိယမီဒီယာကိုလည်း ရှုတ်ချကြောင်း ပြောပါတယ်။

AA အနေနဲ့ ဘူးသီးတောင်တဝိုက်က မွတ်ဆလင်ရွာတွေမှာ စစ်ကောင်စီတပ်ကို ဆန့်ကျင်ဖို့နဲ့ သူတို့အတွက် လူလတ်ပိုင်း အယောက် (၂၀၀) စုပေးဖို့ သင်္ကြန် အတက်နေ့နဲ့ မြန်မာနှစ်ဆန်း ၁ ရက်နေ့က လိုက်လံတောင်းဆိုတာတွေရှိကြောင်းနဲ့ ဒါကို ဖုံးကွယ်ချင်လို့ အခုလို မဟုတ်မမှန် စွပ်စွဲပြောဆိုတာလို့လည်း စစ်ကောင်စီပြောခွင့်ရက မီဒီယာဖြေကြားချက်ထဲမှာ ပြန်လည်စွပ်စွဲထားပါတယ်။

အိန္ဒိယမီဒီယာရဲ့ရေးသားချက်ထဲမှာတော့ သတင်းရင်းမြစ်ကို ကိုးကားပြီး “AA (ရက္ခိုင့်တပ်တော်) ကို တိုက်ခိုက်နိုင်ဖို့အတွက် ARSA (အာဆာ) အာရကန်ရိုဟင်ဂျာ ကယ်တင်ရေးတပ်မတော်နဲ့ အာရကန် ရိုဟင်ဂျာတပ်မတော် (ARA) အဖွဲ့ဝင်တွေကို မြန်မာစစ်ကောင်စီက အခြေခံ စစ်ရေးလေ့ကျင့်ရေး သင်တန်းတွေ ပေးထားတယ်” လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG