သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေးဖြေရှင်းဖို့နည်းလမ်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟောင်း အကြံပြု


မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဇူလိုင်လ ၃၀ ရက်နေ့က အွန်လိုင်းဆုတောင်းပွဲ တက်ရောက်နေစဉ်။
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ဇူလိုင်လ ၃၀ ရက်နေ့က အွန်လိုင်းဆုတောင်းပွဲ တက်ရောက်နေစဉ်။

မလေးရှားနိုင်ငံအနေနဲ့ လာမယ့် ၂၀၂၅ ခုနှစ်၊ အာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ ကြားကာလ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) အပါအဝင် သက်ဆိုင်ရာ အစုအဖွဲ့ တွေနဲ့ ပိုမိုထိတွေ့ဆက်ဆံဖို့လိုသလို မြန်မာနိုင်ငံအရေးဖြေရှင်းနိုင်ဖို့ ပိုမိုကြီးမားတဲ့ အခန်းကဏ္ဍကပါဝင်ပြီး လက်တွေ့ကျတဲ့နည်းလမ်းတွေ ဖော်ဆောင်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာအိဒ်ဖူဒင် အဗ္ဗဒူလာ (Saifuddin Abdullah) က တောင်းဆိုလိုက်ပါတယ်။

အာဆီယံအနေနဲ့ "ပိုမိုလက်တွေ့ကျ" တဲ့ နည်းလမ်းတွေနဲ့ ချဥ်းကပ်ဖို့လိုပြီး ပြီးခဲ့တဲ့ ၃ နှစ်က သဘောတူထားတဲ့ အာဆီယံဘုံသဘောတူညီ ၅ ချက်ကိုလည်း လက်တွေ့ အောင်မြင်နိုင်ရေး “ထပ်မံ ဖြည့်စွက်ဖို့” လိုကြောင်း သူက ထောက်ပြခဲ့ပါတယ်။ စင်္ကာပူ အခြေစိုက် ISEAS – Yusof Ishak အင်စတီကျုကထုတ်ဝေတဲ့ FULCRUM အရှေ့တောင်အာရှရေးရာ လေ့လာရေးဆိုင်ရာစာတမ်းမှာ ဧပြီလ ၁၈ ရက်နေ့က မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာအိဒ်ဖူဒင် အဗ္ဗဒူလာက အဲဒီလို ရေးသားခဲ့တာပါ။ အဲဒီ စာတမ်းထဲမှာ မြန်မာ့အကျပ်အတည်းပြဿနာဖြေရှင်းနိုင်ဖို့ အလုပ်တွေအများအပြားလုပ်ဖို့ လိုနေသေးတယ်လို့ သူကဆိုပြီး မလေးရှားက အာဆီယံဥက္ကဋ္ဌအနေနဲ့ လုပ်ဆောင်နိုင်မယ့်၊ ဖြစ်နိုင်မယ့်နည်းလမ်းတွေကို လမ်းပြမြေပုံ ချပြထားပါတယ်။

အာဆီယံရဲ့ Troika ချည်းကပ်မှု NUG အကောင်းမြင်
please wait

No media source currently available

0:00 0:05:33 0:00

အဲဒီမှာ မလေးရှားအနေနဲ့ တခြား အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအပါအဝင် နိုင်ငံတကာအသိုင်းအဝန်းနဲ့အတူ မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့နိုင်ငံရေးနဲ့ လူမှုရေးအခင်းအကျင်းကို တည့်မတ်လမ်းကြောင်းနိုင်ဖို့ အရှည်ကိုမျှော်ကြည့် ရှေးရှုတဲ့ ချဉ်းကပ်မှုတရပ်ကို ချမှတ်ရမယ်လို့ သူက အကြံပြုထားပါတယ်။ ဒါဟာ လက်ရှိစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရုံသာမက အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို တည်ဆောက် မြှင့်တင်နိုင်မယ့် အခွင့်အလမ်းလည်းဖြစ်တယ်လို့ သူက ဆိုပါတယ်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ ဒေသတည်ငြိမ်ရေးကို အထောက်အကူပြုတဲ့ ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းတွေကို မြှင့်တင်အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။ ဒီ့အတွက် မလေးရှားနိုင်ငံအနေနဲ့ ဗျူဟာမြောက် ကြိုတင်ပြင်ဆင်ဖို့လိုပြီး မြန်မာပြည်သူလူထုရဲ့ တောင်းဆိုချက်နဲ့ တော်လှန်ရေးတိုက်ပွဲတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကိုလည်း ကောင်းကောင်းသိရှိထားဖို့လိုတယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း ဆာအိဒ်ဖူဒင် အဗ္ဗဒူလာက သူ့ရဲ့ စာတမ်းထဲမှာ ရေးသားထားပါတယ်။

ဒါ့အပြင် အာဆီယံအနေနဲ့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တခြားအရေးကြီး သက်ဆိုင်သူတွေနဲ့ ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရမယ်လို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်းက တိုက်တွန်းထားပါတယ်။ ၂၀၁၈ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အတွင်း သူ နိုင်ငံခြားရေးဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ချိန် ခရီးစဉ်နှစ်ခုမှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်အပါအဝင် NUG အစိုးရအဖွဲ့ဝင်တွေ၊ NUCC ဥက္ကဋ္ဌနဲ့ တခြားခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ကြောင်း သူက ဆိုပါတယ်။ ဒေါ်ဇင်မာအောင် ပြောကြားတဲ့ သတင်းစကားတွေကိုလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက လုပ်ဖော်ကိုင်ဖက်တွေကို သူ့အနေနဲ့ ထပ်ဆင့် ပြောပြခဲ့တယ်လို့ ဆာအိဒ်ဖူဒင် အဗ္ဗဒူလာက FULCRUM စာတမ်းမှာ ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG