သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာအထူးကိုယ်စားလှယ် တာဝန်အတွက် Julie Bishop ဂုဏ်ယူ


သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း စင်္ကာပူနိုင်ငံသူ Noeleen Heyzer နေရာမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်။
သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း Julie Bishop ကုလအတွင်းရေးမှုးချုပ်ရဲ့ မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း စင်္ကာပူနိုင်ငံသူ Noeleen Heyzer နေရာမှာ တာဝန်ယူရမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် ဧပြီလ ၅ ရက်နေ့ကက တာဝန်ပေးခြင်းခံရတဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဂျူလီဘိရှော့ (Julie Bishop) က သူ့အနေနဲ့ ဒီလို အထူးသံတမန် အဖြစ် ခန့်အပ်ခံရတာကို အထူးပဲ ဂုဏ်ယူမိကြောင်း သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ကြေညာချက် ထုတ်ပါတယ်။ သူ့အနေနဲ့ "ကုလသမဂ္ဂ အထွေထွေညီလာခံက ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့် တာဝန်နဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတုန်းက လုံခြုံရေးကောင်စီက ချမှတ်ခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ကူညီပေးဖို့” လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

သူ့ကို အခုလို ခန့်အပ်လိုက်တာကိုလည်း အမေရိကန်၊ သြစတြေးလျ အစရှိတဲ့ နိုင်ငံတကာအပါအဝင် ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ကလည်း ကြိုဆိုကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကတော့ “မြန်မာ့အရေးမှာ နိုင်ငံတွင်း ပဋိပက္ခတွေ ဖြစ်နေတာကို ဖြေရှင်းနိုင်ဖို့နဲ့ စနစ် ပြောင်းလဲဖို့ရာ ကုလသမဂ္ဂရဲ့ ခိုင်မာအားကောင်းတဲ့ ခေါင်းဆောင်မှု ကဏ္ဍနဲ့ ကျယ်ပြန့်တဲ့ လုပ်ပိုင်ခွင့် လိုအပ်နေကြောင်း” သူ့ရဲ့ လူမှုကွန်ရက်ကနေ ထုတ်ပြန်ခဲ့ပြီး အထူးသံတမန် ဂျူလီဘိရှော့ကို ကြိုဆိုကာ အတူ လက်တွဲလုပ်ဆောင် သွားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။

NUG ရဲ့ တရုတ်နိုင်ငံအပေါ်ရပ်တည်မှု မေးမြန်းချက်
please wait

No media source currently available

0:00 0:09:10 0:00

အမေရိကန်နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ Derek Chollet ရဲ့ လူမှုကွန်ရက် X က ကြေညာချက်မှာ “အရေးပါတဲ့ ဒီရာထူး အခန်းကဏ္ဍ အတွက် အပြည့်အဝ ထောက်ခံပံ့ပိုးပေးသွားမယ်” လို့ ပြောပါတယ်။ မစ္စ ဘိရှော့ရဲ့ သံတမန်ရေးရာ အတွေ့အကြုံ ကြွယ်ဝမှုက မြန်မာနိုင်ငံ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ နိုင်ငံတကာရဲ့ ကြိုးပမ်းမှုတွေကို အားကောင်းစေမယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီအနာဂါတ်ကို မြှင့်တင်ဖို့ သူနဲ့ အတူ လက်တွဲလုပ်ဆောင်သွားသွားမယ်လို့လည်း ရေးသားထားပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးလ် (Linda Thomas-Greenfield) ကလည်း မြန်မာ့အရေး လိပ်ခဲတည်းလည်း အကျပ်အတည်း ဖြစ်နေချိန်မှာပဲ ဂျူလီဘိရှော့ ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်အဖြစ် ခန့်အပ်လိုက်တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ရဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောပါတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံးအတွက် ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ထွန်းလာစေရေး အထူးသံတမန်သစ်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။

ဂျူလီဘိရှော့ရဲ့ မိခင်နိုင်ငံ ဖြစ်တဲ့ သြစတြေးလျနိုင်ငံကလည်း သူဟာ အထူးသံတမန် ရာထူး အတွက် အတွေ့အကြုံများစွာ ရှိသူ ဖြစ်ပြီး မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနဲ့ လုံခြုံရေး အခြေအနေတွေ ဆက်လက်ဆိုးရွားနေတဲ့ အခုလို အရေးကြီးတဲ့ အချိန်မှာ ဒီခန့်အပ်မှုကို ကြိုဆိုကြောင်းပြောပါတယ်။

မြန်မာပြည်သူတွေဟာ စကားလုံးတွေ ပုံဖော် ပြောမပြနိုင်တဲ့ အကြမ်းဖက်ခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် သူတို့ရဲ့ ခိုင်မာတဲ့ သန္နိဋ္ဌာန်နဲ့ ဆက်လက် ရပ်တည်နေတာကိုလည်း သြစတြေးလျနိုင်ငံက ပြတ်ပြတ်သားသား ထောက်ခံရပ်တည်ပေးနေကြောင်းလည်း သြစတြေးလျနိုင်ငံခြားရေးဌာရဲ့ ဧပြီ ၆ ရက်နေ့ မီဒီယာထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သြစတြေးလျအနေနဲ့ မြန်မာနိုင်ငံအတွင်း ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးအတွက် ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘိရှော့ အပါအဝင် အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတို့နဲ့ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

အထူးသံတမန်ရဲ့ အခန်း ကဏ္ဍဟာ မြန်မာ့အရေး နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို တည်တံ့စေဖို့နဲ့ မြန်မာပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့ ဖြေရှင်းမှုဆီကို ဦးတည်ကာ ညှိနှိုင်းဆောင်ရွက်မှုတွေကို ပံ့ပိုးပေးရာမှာ အရေးပါကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် သြစတြေးလျနိုင်ငံရဲ့ ကြေညာချက်ထဲမှာ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ မတရား ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေအတွက် ဘေးကင်းပြီး အတားအဆီးကင်းကင်းနဲ့ ဝင်ရောက်ခွင့်ပြုဖို့နဲ့ မြန်မာနိုင်ငံမှာ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရေး မြန်မာ အာဏာသိမ်း စစ်ကောင်စီကို ထပ်လောင်း တောင်းဆိုထားပါတယ်။

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG