သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို လူသားဒိုင်းအဖြစ်သုံးမှာ သားဖြစ်သူစိုးရိမ်


မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံဟောင်းတပုံကို ကိုင်ဆောင်ထားတဲ့ Kim Aris (စက်တင်ဘာ ၂၃၊ ၂၀၂၃)
မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓါတ်ပုံဟောင်းတပုံကို ကိုင်ဆောင်ထားတဲ့ Kim Aris (စက်တင်ဘာ ၂၃၊ ၂၀၂၃)

ဒေါ်အောင်ဆန်းစုကြည်ကို လူသားဒိုင်းအဖြစ် အသုံးပြုမှာ စိုးရိမ်ပါတယ်လို့ သား ကင်မ်အဲရစ်စ် က ဗြိတိန်အခြေစိုက် Independence သတင်းစာကြီး ကို ပြောပါတယ်။ ရာသီဥတုပူလာတဲ့အတွက် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးဦးဝင်းမြင့်ကို အကျဉ်းထောင်တွေကနေ ပြောင်းရွှေ့လိုက်တဲ့သတင်းအပေါ် မစ္စတာ ကင်မ်အဲရစ်စ်က ပြောခဲ့တာကို ဧပြီ ၁၇ ရက်နေ့ အဆိုပါ သတင်းစာရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားတာပါ။

ဘယ်ကို ရွှေ့ပြောင်းလိုက်တယ်-ဆိုတာကို စစ်ကောင်စီက သတင်းမထုတ်ပြန်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်ကို အဓိက စစ်စခန်းတွေမှာ မဟာဗျူဟာကျကျ နေရာချထားမယ့်အန္တရာယ် ရှိနေပါတယ်။ အဲဒီနေရာတွေက တော်လှန်ရေးတပ်တွေ ပစ်မှတ်ထားတဲ့နေရာတွေဖြစ်နိုင်တာမို့ အန္တရာယ်ရှိနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ် ဦးလင်းသန့်က သတင်း ထုတ်ပြန်ထားတာကိုလည်း သတင်းစာက ကိုးကားထားပါတယ်။

ထောင်တွင်း မသက်မသာအခြေအနေမှာ အမေ မနေရတော့တဲ့အတွက် ဝမ်းသာပေမဲ့ ပြောင်းရွှေ့ရတဲ့ အကြောင်းပြချက်အတွက် စိုးရိမ်မိတယ်လို့လည်း မစ္စတာ ကင်မ်အဲရစ်စ်က ဆိုပါတယ်။ “အိမ်က ထောင်ထက်ကောင်းတာမို့ ထောင်ကနေ အိမ်ကိုရွှေ့တာ ကောင်းပါတယ်။ ဒါပေမဲ့ သူတို့ကို ဘာအကြောင်းသတ်မှတ်ချက်မှမထားဘဲ လွှတ်ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့ ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် စစ်ကောင်စီမှာ အပြည့်အဝ တာဝန်ရှိပါတယ်” လို့ NUG ပြောခွင့်ရပုဂ္ဂိုလ် ဦးကျော်ဇော်က ပြောတာကိုလည်း Independence က ကိုးကားထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG