သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယရောက် မြန်မာနိုင်ငံသားတွေပြန်ပို့ နှောင့်နှေးမှုနဲ့ကြုံနေရ


အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြား ဆက်သွယ်ထားတဲ့ နယ်စပ်တံတားကို ဖြတ်ပြီး စစ်ဘေးရှောင်ကြတဲ့ မြန်မာနိုင်ငံသားများ (REUTERS)
အိန္ဒိယ မီဇိုရမ်ပြည်နယ်နဲ့ မြန်မာနိုင်ငံကြား ဆက်သွယ်ထားတဲ့ နယ်စပ်တံတားကို ဖြတ်ပြီး စစ်ဘေးရှောင်ကြတဲ့ မြန်မာနိုင်ငံသားများ (REUTERS)

အိန္ဒိယရောက် မြန်မာနိုင်ငံသားတွေပြန်ပို့ နှောင့်နှေးမှုနဲ့ကြုံနေရ

မြန်မာနိုင်ငံနဲ့ နယ်စပ်ဖြစ်တဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ထဲကို ဝင်ရောက်လာတဲ့ အထောက်အထားမဲ့ ဒုက္ခသည်တွေကို မြန်မာနိုင်ငံဘက် ပြန့်ပို့ရေးမှာ မြန်မာနိုင်ငံထဲက တိုက်ပွဲတွေကြောင့် နှောင့်နှေးနေတယ်လို့ အိန္ဒိယလုံခြုံရေးတာဝန်ရှိသူတွေက ပြောပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်အာဏာသိမ်း ဆန့်ကျင်တိုက်ပွဲတွေစတင်ခဲ့ပြီးနောက် ချင်းတိုင်းရင်းသားအများစုအပါအဝင် အရပ်သားထောင်ချီနဲ့ စစ်မှုထမ်းရာချီ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။ မိုးရေးမြို့ကိုရောက်လာသူတွေထဲက စာရွက်စာတမ်းမရှိသူ ၇၇ ယောက်ထက်မနည်းကို ပြန်ပို့မယ်လို့ မဏိပူရပြည်နယ် တာဝန်ရှိသူတွေက ပြီးခဲ့တဲ့လက ပြောကြားခဲ့ပါတယ်။

မိုးရေးမြို့ကနေတဆင့်ပြန်ပို့ဖို့ အင်ဖားမြို့ကနေ ၃၈ ယောက်ကိုခေါ်လာပေမဲ့ မြန်မာဘက်က ပြန်ခေါ်ဖို့ ဆက်သွယ်လာတာ စောင့်နေရဆဲဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အကြီးတန်းလုံခြုံရေးအရာရှိတယောက်ရဲ့ အပြောကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။ မြန်မာအစိုးရအနေနဲ့ တည်ငြိမ်မှုမရှိတာကြောင့်လို့ သူကဆိုပါတယ်။ အစိုးရက ပြန်လက်မခံရင်လည်း ဒုက္ခသည်တွေကို အတင်းပြန်ပို့ရမှာဖြစ်တယ်လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကလည်း တစုံတရာ ပြောဆိုခြင်း မရှိသေးပါဘူး။ မဏိပူရပြည်နယ်မှာ ပြီးခဲ့တဲ့ မေလကစတင်တဲ့ လူမျိုးရေးအခြေခံပဋိပက္ခတွေမှာ အကြမ်းဖက်မှုတွေဖြစ်တဲ့ အဓိကအကြောင်းတခုက ဒုက္ခသည်တွေ လှိမ့်ဝင်လာလို့ဖြစ်တယ်လို့ ဝန်ကြီးချုပ် Narendra Modi အစိုးရက ပြောနေပါတယ်။ ပဋိပက္ခတွေအတွင်း သေဆုံးသူ ၂၂၀ ထက်မနည်းရှိပါတယ်။

အိန္ဒိယနဲ့ မြန်မာနိုင်ငံကြား မိုင်ပေါင်း ၁,၀၀၀ လောက်ထိဆက်နေတဲ့ နယ်စပ်ဒေသမှာ နေထိုင်နေကြသူတွေအနေနဲ့ ပြည်ဝင်ခွင့်ဗီဇာ မလိုဘဲ သွားလာနိုင်အောင်ဖွင့်ပေးထားတဲ့ ဆယ်စုနှစ်နဲ့ချီရှိလာခဲ့တဲ့ မူဝါဒကို အဆုံးသတ်မယ်လို့ အိန္ဒိယအစိုးရက ပြောနေသလို နယ်စပ်စည်းရိုးကာဖို့လည်း ကြိုးစားနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG