သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေက အိန္ဒိယကောင်စစ်ဝန်ရုံး ရန်ကုန်ကို ယာယီပြောင်းရွှေ့


အိန္ဒိယကောင်စစ်ဝန်ရုံး(စစ်တွေ)
အိန္ဒိယကောင်စစ်ဝန်ရုံး(စစ်တွေ)

ရခိုင်ပြည်နယ်အတွင်း စစ်ရေးအခြေအနေတွေ တင်းမာနေတဲ့အတွက် လုံခြုံရေး အခြေအနေအရ စစ်တွေမြို့မှာရှိတဲ့ အိန္ဒိယကောင်စစ်ဝန်ရုံးက ဝန်ထမ်းတွေကို ရန်ကုန်မြို့ကို ယာယီ ရွှေ့ပြောင်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဌာနက ဒီကနေ့ ဧပြီလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

မြန်မာနိုင်ငံထဲက အခြေအနေတွေ၊ အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်းက အခြေအနေတွေကို သူတို့အနေနဲ့ အနီးကပ် စောင့်ကြည့်နေကြောင်း၊ အိန္ဒိယနိုင်ငံသားတွေ ဘေးကင်းလုံခြုံမှုအတွက် လိုအပ်တဲ့ဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေကြောင်း အိန္ဒိယ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Randhir Jaiswal က ဒီကနေ့ပြုလုပ်တဲ့ အပတ်စဉ် ပုံမှန် သတင်းစာရှင်းလင်းပွဲအတွင်း ပြောပါတယ်။

စစ်တွေက ကောင်စစ်ဝန်ရုံး ရန်ကုန်ကို ယာယီ ရွေ့ပြောင်းလိုက်ပေမဲ့ မန္တလေးမှာရှိတဲ့ ကောင်စစ်ဝန်ရုံးကတော့ ပုံမှန် လည်ပတ်နေမယ်လို့ သူက ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း မနှစ် နိုဝင်ဘာလကစလို့ စစ်ကောင်စီတပ်တွေနဲ့ အာရက္ခတပ်တော် AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားပြီး AA က စစ်ကောင်စီစခန်း အတော်များများနဲ့ မြို့နယ် ၈ မြို့နယ်ကို သိမ်းပိုက်ထားပြီး ဖြစ်ပါတယ်။ မကြာခင်ကာလတွေအတွင်းမှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့ ဒေသခံတွေက ခန့်မှန်းထားသလို AA ကလည်း ဒေသခံတွေ သင်္ကြန်အတွင်း အပြင်မထွက်ကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။

Forum

XS
SM
MD
LG