သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးမည်


ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးတခု (ယခင်မှတ်တမ်းပုံ)
ကုလသမဂ္ဂလုံခြုံရေး ကောင်စီအစည်းအဝေးတခု (ယခင်မှတ်တမ်းပုံ)

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ စံတော်ချိန် မနက် ၁၀ နာရီ ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ မြန်မာနိုင်ငံအရေး ဆွေးနွေးပြောဆိုဖို့ ရှိနေပါတယ်။ ဒါဟာ စစ်တပ်က အာဏာသိမ်းတာ သုံးနှစ်ပြည့်ပြီး ၂ လအတွင်း မြန်မာနိုင်ငံအရေး လုံခြုံရေးကောင်စီမှာ ဒုတိယအကြိမ် ဆွေးနွေးပြောဆိုတာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ အသေးစိတ်ကို မသိရပေမဲ့ မြန်မာစစ်တပ်က အရပ်သားတွေအပေါ် ပုံစံအမျိုးမျိုး အကြမ်းဖက် တိုက်ခိုက်နေမှုတွေကို ရှုတ်ချပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေ မလုပ်နိုင်အောင် လက်နက်နဲ့ လေယာဉ်ဆီ တင်ပို့တာတွေ ရပ်ဆိုင်းဖို့ မြန်မာ့အရေးလှုပ်ရှားသူတွေ တောင်းဆိုနေချိန်မှာ ကျင်းပတာပါ။

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီလ ၆ ရက်နေ့ကလည်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးခဲ့ပြီး မြန်မာစစ်တပ်ရဲ့ အရပ်သားတွေအပေါ် ပုံစံမျိုးစုံနဲ့ ဘယ်သူဘယ်ဝါ မခွဲခြားပဲ တိုက်ခိုက်နေတဲ့ လုပ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံ ကိုးနိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲ ကျင်းပတဲ့အချိန်မှာပဲ ကရင်နီပြည်လို့လည်း ခေါ်ကြတဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်ထဲက စာသင်ကျောင်း နှစ်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ အချိန်နဲ့ တိုက်ဆိုင်ခဲ့ပါတယ်။

စစ်ကောင်စီအပေါ် ပိုပြီး ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်ဖို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့သလို ရှုတ်ချတဲ့အကြောင်းနဲ့ အရပ်သားတွေနဲ့ အရပ်ဘက်အခြေခံအဆောက်အဦတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေ ရပ်ဆိုင်းဖို့ နိုင်ငံပေါင်း ၉ နိုင်ငံပူးပေါင်း ထုတ်ပြန်တဲ့ ကြေညာချက်ကို ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က ဖတ်ကြားသွားခဲ့ပါတယ်။ ဒီ‌နေ့ မြန်မာ့အရေး လုံခြုံရေးကောင်စီ အစည်းအဝေး ဆွေးနွေးချက်တွေကို VOA က နောက်ပိုင်းမှာ အသေးစိတ် ထုတ်လွှင့်တင်ဆက်သွားပါ့မယ်။

Forum

XS
SM
MD
LG