သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြ၀တီတိုက်ပွဲအရှိန်ကျလာတဲ့အတွက် မြန်မာစစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန် 


မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ (ဧပြီ ၂၀၊ ၂၀၂၄)
မြဝတီမြို့မှ ထိုင်းနိုင်ငံဘက် တွက်ပြေးတိမ်းရှောင်လာသော မြန်မာစစ်ဘေးရှောင်သူများ (ဧပြီ ၂၀၊ ၂၀၂၄)

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေ လျော့ကျလာနေတဲ့အတွက် ထိုင်းဘက် ခိုလှုံနေတဲ့ မြန်မာစစ်ဘေးဒုက္ခသည်အများစု နေရပ်ပြန်နေကြပြီး ဒုက္ခသည် အရေအတွက် ကျဆင်းသွားကြောင်း ထိုင်းဒုတိယဗိုလ်ချုပ်ကြီး Prasan Saengsirirak က သတင်းထောက်တွေကို ဒီကနေ့ ပြောကြားလိုက်ပါတယ်။ မြ၀တီတိုက်ပွဲကြောင့် တာ့ခ်ခရိုင် မဲဆောက်ဘက် ထွက်ပြေးလာတဲ့ မြန်မာစစ်ပြေးဒုက္ခသည် ၃ ‌ထောင်ကျော်ထဲမှာ ဒီကနေ့ ၁ ထောင်လောက်ပဲ ကျန်တော့တယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး Prasan Saengsirirak က Thai PBS သတင်းဌာနကိုပြောပါတယ်။

ဒါအပြင် စစ်ကောင်စီနဲ့ ကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကြား ညှိုနှိုင်းမှုတွေစတင်နေပြီး စစ်ကောင်စီဘက်ကလည်း စစ်ကူအင်အားတွေ ကော့ကရိတ်ဘက်ကနေ မြ၀တီဘက်ကိုရောက်လာခြင်းမရှိဘူးလို့ ဒုတိယဗိုလ်ချုပ်ကြီး Prasan ကဆိုပါတယ်။ ထိုင်း-မြန်မာ ချစ်ကြည်ရေး အမှတ် (၁) တံတားကို လူသွားလူလာနဲ့ ကူးသန်းရောင်းဝယ်ရေး အတွက် ဖွင့်လှစ်ထားဆဲပဲ လို့လည်း သူက ပြောပါတယ်။

စနေနေ့ အထိ အမှတ် ၂ ချစ်ကြည်ရေး တံတားအောက်မှာ ခိုလှုံနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ပွဲတွေကြောင့် မဲဆောက်မြို့က အိမ်တအိမ်ကို ကျည်ထိမှန်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံဘက်ကို သတိပေးခဲ့ပါသေးတယ်။

NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ထိုင်းနိုင်ငံဘက် ထွက်ပြေး လာရတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ ထိုင်းအစိုးရနဲ့ သက်ဆိုင်ရာအာဏာပိုင် တွေကို မြန်မာပြည်သူတွေကိုယ်စား ကျေးဇူးကြောင်း မနေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။ မြ၀တီတိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ဒီကနေ့ သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။

Forum

XS
SM
MD
LG