သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်ထဲ ခိုလှုံလာတဲ့ စစ်ကောင်စီတပ်သား ၂၈၀ ‌ကျော်ကို ဧပြီ ၂၂ မှာ ပြန်ပို့မည်


(မှတ်တမ်းပုံ _ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမှာ ၂၀၁၇ ခုနှစ်တုန်းက တွေ့ရတဲ့ မြန်မာတပ်မတော်သားများ)
(မှတ်တမ်းပုံ _ ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမှာ ၂၀၁၇ ခုနှစ်တုန်းက တွေ့ရတဲ့ မြန်မာတပ်မတော်သားများ)

မကြာခင် သီတင်းပတ်တွေအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဝင်ရောက် ခိုလှုံလာတဲ့ မြန်မာစစ်ကောင်စီ တပ်သား ၂၈၅ ယောက်ကို ဧပြီလ ၂၂ ရက်နေ့မှာ မြန်မာဘက်ကို ပြန်ပို့မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Hasan Mahmud က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၅၀ ကိုလည်း ပြန်လည်ခေါ်ယူမှာဖြစ်ကြောင်း ပြောပါတယ်။ အခု ပြန်ပို့မယ့် ၂၈၅ ယောက်ထဲမှာ မြန်မာနယ်ခြားစောင့်တပ်ကရော စစ်တပ်က တပ်သားတွေပါ ပါဝင်ကြောင်းနဲ့ သူတို့ကို ရေကြောင်းကနေ ပြန်ပို့ပေးဖို့ မြန်မာဘက်က လက်ခံကြောင်း အတည်ပြုချက် ရထားပြီလို့လည်း ပြောပါတယ်။

သူတို့ကို ပြန်ပိုတဲ့ သင်္ဘောနဲ့ပဲ မြန်မာဘက်မှာ ပိတ်မိနေတဲ့ ဘင်္ဂလားဒေ့ရှ် ၁၅၀ ကို ပြန်လည်ခေါ်ယူဖို့ စီစဉ်ထားကြောင်းလည်း ဝန်ကြီး ဟာဆန်းက ပြောပါတယ်။

ဒါပေမဲ့ ဒါဟာ ပင်လယ်ပြင်ရဲ့ အခြေနေနဲ့ တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့ မြန်မာဘက်က အခြေအနေပေါ်မှာလည်း မူတည်နေကြောင်း ပြောပါတယ်။

သောကြာနေ့မှာပဲ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၃ ယောက် Cox's Bazar မှာရှိတဲ့ Teknaf နယ်ခြားကနေ ဘင်္ဂလားဒေ့ရှ်ဘက် ဝင်ရောက်ခိုလှုံခဲ့သလို ဗုဒ္ဓဟူးနေ့ကလည်း မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၄၆ ယောက် ထွက်ပြေးခိုလှုံခဲ့တယ်လို ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူတွေက ပြောပါတယ်။

Forum

XS
SM
MD
LG