သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနယ်စပ်မှာ တရုတ်စစ်ရေးလေ့ကျင့်မည်


တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတခု (မေ ၂၂၊ ၂၀၂၁)
တရုတ်စစ်တပ် စစ်ရေးလေ့ကျင့်မှုမြင်ကွင်းတခု (မေ ၂၂၊ ၂၀၂၁)

မြန်မာနဲ့ နယ်စပ်ချင်းကပ်နေတဲ့ ယူနန်ပြည်နယ်ဘက်ခြမ်းမှာ တရုတ်ရဲ့ စစ်ရေးပစ်ခတ် လေ့ကျင့်မှုတွေကို ဧပြီလ ၂ ရက်မှ ၃ ရက်နေ့အထိ နှစ်ရက်ကြာ ပြုလုပ်မယ်လို့ တရုတ်အစိုးရအာဘော်ဖြစ်တဲ့ Globel Times သတင်းမှာ ဒီနေ့ ဖော်ပြထားပါတယ်။

တရုတ်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ မြန်မာနိုင်ငံမြောက်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေပြီး၊ စစ်ကောင်စီရဲ့ အရေးပါတဲ့ တပ်စခန်းတွေ အသိမ်းခံနေရချိန်မှာအခုလို တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုပြုလုပ်လာတာဖြစ်ပါတယ်။ ဧပြီလ ၂ ရက်နေ့မှာ စတင်မဲ့ တရုတ် စစ်ရေးလေ့ကျင့်မှုတွေကို ယူနန်ပြည်နယ် Dehong Dai နဲ့ Jingpo ဒေသတွေမှာ ပြုလုပ်သွားမှာပါ။ တပ်ဖွဲ့အင်အားဘယ်လောက်နဲ့ ဘယ်လိုပုံစံ စစ်ရေးလေ့ကျင့်မလဲဆိုတာကိုတော့ တရုတ်ဘက်က ပြောကြားထားခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ရှမ်းပြည်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်မှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ကြာတိုက်ပွဲတွေ ပြင်းထန်နေချိန်မှာပဲ တရုတ်နိုင်ငံတောင်ပိုင်းမှာ တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီအတောအတွင်း တရုတ်-မြန်မာ-အိန္ဒိယ သုံးနိုင်ငံထိစပ်နေတဲ့ နယ်နိမိတ်နေရာမှာ သူ့ပိုင်နက်အဖြစ် အိန္ဒိယနဲ့ အငြင်းပွားနေချိန်ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ မြန်မာနိုင်ငံနဲ့ ကီလိုမီတာပေါင်း ၂ ထောင်ကျော် နယ်နိမိတ်ခြင်းထိစပ်နေတဲ့အပြင်၊ စစ်ကောင်စီနဲ့ အနီးကပ်ဆက်ဆံရေးကို တရုတ်က အလေးထားနေတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုအစီအစဥ်နဲ့ ပတ်သက်လို့ သဘောထားတုံ့ပြန်ပြောဆိုတာ မရှိသေးပါဘူး။​

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG