သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ-တရုတ် ပူးပေါင်းဖမ်းဆီးမှုအတွင်း အွန်လိုင်း လိမ်လည်မှု သံသယရှိသူ ၈၀၀ ကျော် ရှိ


အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

နယ်စပ်ဒေသ အွန်လိုင်း လိမ်လည်မှုတွေမှာပါဝင်ပတ်သက်နေတယ်လို့ သံသယရှိတဲ့သူ ၈၀၇ ယောက်ကို မြန်မာ-တရုတ် ပူးပေါင်း ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ကွန်ပျူတာတွေ၊ ဖုန်းတွေနဲ့ စာရွက်စာတမ်းတွေကို သိမ်းဆည်းခဲ့တယ်လို့ ရန်ကုန်မြို့ တရုတ်နိုင်ငံသံရုံးက တနင်္လာနေ့မှာ ထုတ်ပြန်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲ တရုတ်နိုင်ငံသား ၃၅၂ ဦးယောက်ပါဝင်ပြီး တနင်္ဂနွေနေ့က တရုတ်နိုင်ငံကို လွှဲပြောင်းပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ကျန်တဲ့ ဖမ်းဆီးရတဲ့သူတွေက မြန်မာနိုင်ငံသားတွေဖြစ်တယ်လို့လည်းဖော်ပြပါတယ်။ တရုတ်နိုင်ငံသံရုံး WeChat လူမှုကွန်ယက်စာမျက်နှာမှာတော့ တရုတ်ရဲတပ်ဖွဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တဝိုက် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေကို ဝင်ရောက် စီးနင်းရှာဖွေဖမ်းဆီးခဲ့တာလို့ ဖော်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာပြောဆိုတာမရှိသေးပါဘူး။ မြန်မာနိုင်ငံနယ်စပ်ဒေသ မှာ ဆိုက်ဘာ ရာဇဝတ်မှုတွေကျူးလွန်ဖို့ လူပေါင်း ၁၂၀,၀၀၀ ထက်မနည်း အဓမ္မချုပ်နှောင်ခိုင်းစေခံနေရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာရုံးက လွန်ခဲ့တဲ့နှစ်ကတည်းကပြောဆိုတာပါ။ ပြီးခဲ့တဲ့နှစ်ထဲမှာပဲ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်း လောက်ကိုင်မြို့အခြေစိုက် ဆိုက်ဘာရာဇဝတ်မှုတွေမှာပါဝင်ပတ်သက်တယ်လို့ သံသယရှိသူ ၄၀,၀၀၀ ကျော်ကိုဖမ်းဆီးခဲ့ပြီး တရုတ်နိုင်ငံဘက်လွှဲပြောင်းပေးခဲ့တဲ့အကြောင်း တရုတ်မီဒီယာတွေကဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံသားတွေအပါအဝင် တခြားနိုင်ငံသားတွေကိုပါ အဓမ္မစေခိုင်းမှုတွေရှိတဲ့ နယ်စပ်အခြေစိုက်အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေဟာ ငွေကြေးဘီလီယံချီလည်ပတ်နေတယ်လို့ မကြာသေးခင်ကပဲ Interpol နိုင်ငံတကာရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG